Main menu

Background

စစ်ကိုင်းဆောင်းပဲပုပ်ပေါ်ပြီ

Sun, 04/24/2011 - 06:53 -- Anonymous (not verified)

စစ်ကိုင်းဆောင်းပဲပုပ်ပေါ်ပြီ              ၂ဝ၁ဝ-၁၁ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောင်းပဲပုပ်စိုက်ပျိုးရန် လျာထားဧက ၃ ဒသမ ၃ သောင်း အနက် ဧက ၃ သောင်း၊ ရာခိုင်နှုန်း အားဖြင့် ၉၃ ရာခိုင်နှုန်းစိုက်ပျိုးခဲ့ပါ တယ်။ စစ်ကိုင်း၊ မြင်းမူ၊ မြောင်၊ ကသာ၊ ထီးချိုင့်၊ ဗန်းမော်၊ ကလေး၊ မင်းကင်းမြို့ နယ်များမှာ ပဲပုပ်အများဆုံး စိုက်ပျိုး ကြပြီး ထွက်ပေါ်နေတဲ့ ပဲပုပ်များ မုံရွာ ကုန်စည်ဒိုင်သို့ ရက်ခြား တင်း ၅ဝဝ၊ ၆ဝဝ ဝင်ရောက်သလို မန္တလေးသို့လည်း တိုက်ရိုက်တင်ပို့မှုရှိကြောင်းသိရှိရပါတယ်။ မြောင်မြို့နယ်မှာ ပဲပုပ်စိုက်ပျိုးမှု တစ် ဧကကုန်ကျစရိတ် ၁ ဒသမ ၃၃ သိန်း ခန့်ကုန်ကျပြီး တစ်ဧကအထွက်နှုန်း ၁ဝ တင်းခန့်ထွက်ရှိကြောင်း သိရှိရပါတယ်။ ဧပြီလပထမပတ်အတွင်း မုံရွာကုန်စည်ဒိုင်မှာ ပဲပုပ်တစ်တင်းကို ပေါက်ဈေး ၁၄၅ဝဝ ကျပ်ဖြစ်လို့ တောင်သူတစ်ဦးရဲ့ တစ်ဧကအမြတ်မှာ ၁၂ဝဝဝ ကျပ်ခန့် ဖြစ်ကြောင်းသိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ နေ့စဉ်ပုံမှန်ပဲပုပ်တင်း ၂ဝဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင် သတင်းရပ်ကွက်က သိရှိ ရပါတယ်။ သန်းသန်းတင်