Main menu

Background

မတ်ပဲဈေး ကျဆင်းနေဆဲ

Sun, 04/24/2011 - 07:12 -- Anonymous (not verified)

လက်ကားဈေးနှုန်းညွှန်းကိန်းမြင့်တက်မှုအပေါ် အခြေခံတဲ့ အိန္ဒိယ စားနပ်ရိက္ခာဈေးနှုန်းဖောင်းပွမှုဟာ ယခင်သီတင်းပတ်က ၈ ဒသမ ၂၈ ရာခိုင်နှုန်းရှိခဲ့ရာက ဧပြီလ ၉ ရက်မှာပြီးဆုံးတဲ့သီတင်းပတ်မှာ ၈ ဒသမ ၇၄ ရာခိုင်နှုန်းကို အနည်းငယ်တိုးတက်ခဲ့ပါတယ်။ လောင်စာဆီ ဈေးနှုန်း ကလည်းယခင်သီတင်းပတ်က ၁၂ဒသမ ၉၇ရာခိုင်နှုန်းရှိခဲ့ရာမှ ၁၃ဒသမ ဝ၅ ရာခိုင်နှုန်းကို မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ အချို့ပဲ လက်ကား ဈေးနှုန်းကတော့ ဝယ်လိုအားနည်းလို့ ဈေးကျနေတယ်လို့ သိရပါတယ်။ မတ်ပဲဈေး ကျဆင်းနေဆဲ                  အိန္ဒိယပြည်တွင်းဈေးကွက်အတွင်း ယခုသီတင်းပတ်မှာ ပဲခွဲစက် များက ဝယ်လိုအားနည်းတာကြောင့် မတ်ပဲဈေး ကျဆင်းနေပါတယ်။ ဥတ္တရာပရာဒေ့ရှ်အရှေ့ပိုင်း၊ ဘီဟာနဲ့ ချတ်ဟန်းပြည်နယ်တွေမှာ ပဲတီစိမ်း စိုက်ဖို့မြေယာတွေ ပိုမိုဝယ်ယူလာကြတဲ့ သတင်းတွေအရ မေလနဲ့ ဇွန်လ အတွင်း ဈေးကွက်တွေထဲ ဝင်ရောက်လာမယ့် ပဲတွေကို စောင့်ကြည့်နေကြတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံမှာ အထွက်နှုန်းကျဆင်းတဲ့ သတင်း တွေနဲ့ မိုးလေဝသဌာနက မိုးရာသီပုံမှန်မိုးရွာသွန်းမယ်လို့ ခန့်မှန်းထား တဲ့တိုင် စိုက်ဧက သိသိသာသာမပိုတဲ့ သတင်းတွေ ရပေမဲ့ ဈေးကွက်တွေ မှာ တင်သွင်းမတ်ပဲရောင်းချမှု လုံလောက်နေတယ်လို့ သိရပါတယ်။ ယခု နှစ်စပိုင်းက လက်ကျန်နည်းတဲ့အတွက် တင်သွင်းသူတွေက မတ်နဲ့ ဧပြီလ အတွင်း သင်္ဘောတင်ဖို့ စာချုပ်အမြောက်အမြား ချုပ်ဆိုခဲ့တာကြောင့် မတ်ပဲ FAQ ရော  SQ  ပါ လက်ကျန်တွေ များနေတယ်လို့ ဆိုပါတယ်။ MMTC  က ပဲတင်ဒါခေါ်ယူခြင်းက နိုင်ငံတကာဈေးကို အထောက်အပံ့ ဖြစ်နိုင်ပေမဲ့ ပြည်တွင်းဈေးကွက်မှာတော့ ဝယ်လိုအားနည်းလို့ ဈေးလျော့ ကျနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ် အတွင်းဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ  ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ် ဇယား-၁                                                                                             ဒေါ်လာ/တန်  ဈေးကွက်           ၂၁ .၄ .၁၁             ၂ဝ .၄ .၁၁             ၁၉ .၄ .၁၁                ၁၈ .၄ .၁၁မွန်ဘိုင်း                   ၉၄၂                     ၉၅၂                     ၉၅၇                        ၉၇၇ဒေလီ                 ၈၉၂-၉၄၈              ၉ဝ၁-၉၅၈             ၈၉၅-၉၅၁                ၈၉၂-၉၆ဝချန်နိုင်း             ၉၆၅-၁၁၄၆           ၉၆၃-၁၁၄၉             ၉၆၂-၁၁၄၁              ၉၇၇-၁၁၆၃