Main menu

Background

ကုလားပဲဈေး အနည်းငယ်လျော့ကျ

Sun, 04/24/2011 - 07:15 -- Anonymous (not verified)

 ကုလားပဲဈေး အနည်းငယ်လျော့ကျ              အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွေမှာ ဝယ်လိုအားနည်းနေ လို့ ကုလားပဲဈေးအနည်းငယ် လျော့ကျခဲ့ပါတယ်။ ကုလားပဲအဓိကစိုက်ပိုျးတဲ့နိုင်ငံ အနောက်မြောက်ပိုင်းမှာ ရာသီဥတု ခြောက်သွေ့နေခြင်းက ပဲရိတ်သိမ်းဖို့ အခွင့်အရေး ပိုကောင်းနေပါတယ်။ မဟာရပ်ရှတရာနဲ့ ကာနာတာကာမှ ပဲခွဲစက်များက ဝယ်လိုအား ခိုင်မာနေဆဲဖြစ်ပါတယ်။ ဒေလီဈေးကွက်ကို ရာဂျက်စသန် ကုလားပဲတွေဝင်ရောက်မှု တိုးတက်လာ ပေမဲ့ အရည်အသွေးနိမ့်လို့ မဒ္ဒရာပရာဒေ့ရှ် ကုလားပဲဈေးနဲ့ယှဉ်ရင် ဈေးလျော့တယ်လို့ သိရပါတယ်။ နိုင်ငံတကာအနေနဲ့ သြစတြေးလျနိုင်ငံ ကုလားပဲအဓိက စိုက်ပျိုးရာဒေသမှာ မေလမှ ဇွန်လအတွင်း ရာသီဥတု စိုစွတ်မယ့်ခန့်မှန်းချက်အရ တောင်သူများဟာ ယခင်နှစ်နဲ့ယှဉ်ရင် စိုက်ဧက ပိုလာဖွယ်မရှိဘူးလို့ခန့်မှန်းကြပါတယ်။ အိန္ဒိယကုလားပဲဈေးကတော့ လာမယ့်ရက်အတွင်း များများမကျနိုင်ဘူးလို့ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီး ဈေးတွေ ကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ် ဇယား-၂                                                                   ဒေါ်လာ/တန်  ဈေးကွက်          ၂၁ .၄ .၁၁           ၂ဝ .၄ .၁၁           ၁၉ .၄ .၁၁                ၁၈ .၄ .၁၁မွန်ဘိုင်း                 ၅၁၄                  ၅၁၈                    ၅ဝ၉                         ၅၂ဝဒေလီ               ၄၉၇-၅ဝ၂           ၄၉၆-၅ဝ၁             ၄၉၂-၄၉၈                  ၄၉၇-၅ဝ၃ကန်ပါ                  ၅၄၂                  ၅၃၉                      ၅၃၅                        ၅၃၈