Main menu

Background

ပဲတီစိမ်း ဈေး အနည်းငယ်အေး

Sun, 04/24/2011 - 07:22 -- Anonymous (not verified)

  ပဲတီစိမ်း ဈေး အနည်းငယ်အေး               အိန္ဒိယ ပြည်တွင်းအဓိကဈေးကွက်တွေအတွင်း အရောင်းအဝယ်အေးတာကြောင့် ဈေးငြိမ်ရာမှ အနည်းငယ်အေးလာပါတယ်။ ဈေးကွက်များအတွင်း ပဲတီစိမ်းလက်ကျန် အကန့်အသတ်သာရှိပြီး ပဲခွဲစက်များက အဝယ်ပြန်ထွက်လာခြင်းက ဈေးနှုန်းကို အထောက်အပံ့ ဖြစ်လာနိုင်ပါတယ်။ ပြည်တွင်းပဲတီစိမ်းထုတ်လုပ်မှု ပိုမိုပေမဲ့ ပြည်ပပဲတီစိမ်းဈေးထက် လျော့ပြီး အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒိယအရှေ့ပိုင်း တောင်သူများက မတ်ပဲထက် နွေပဲတီစိမ်းကို စိုက်ဧက ပိုတိုးစိုက်လာကြတဲ့အတွက် မေလကစပြီး ပဲဝင်ရောက်လာဖွယ်ရှိတယ်လို့ သိရပါတယ်။ ဒေသတွင်း မိုးနှေးကွေးနေခြင်းက သီးနံှရိတ်သိမ်းဖို့အတွက် အလားအလာ ကောင်းနေတယ်လို့ သိရပါတယ်။ ကာလတိုအတွင်း ဈေးများများ မတက်နိုင်ဘူးလို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါတယ် ဇယား-၃                                                                                  ဒေါ်လာ/တန်  ဈေးကွက်               ၂၁ .၄ .၁၁           ၂ဝ .၄ .၁၁              ၁၉ .၄ .၁၁                    ၁၈ .၄ .၁၁မွန်ဘိုင်း(ကင်ညာ)      ၁ဝ၆၇                  ၁ဝ၆၅                       ၁ဝ၇၄                      ၁ဝ၈၄ဒေလီ                      ၈၃၅-၉၇၁          ၈၃၄-၉၆၇                 ၈၂၈-၉၆၂                    ၈၃၆-၉၇၁အာကိုလာ              ၉၇၁-၁ဝ၈၄           ၉၆၉-၁၁၂၇              ၉၆၂-၁၁၁၉                       -