Main menu

Background

အိန္ဒိယရော်ဘာအထွက် ၃ ဒသမ ၇ ရာခိုင်နှုန်းတိုးတက်

Sun, 04/24/2011 - 07:58 -- Anonymous (not verified)

အိန္ဒိယရော်ဘာအထွက် ၃ ဒသမ ၇ ရာခိုင်နှုန်းတိုးတက်              အိန္ဒိယနိုင်ငံရဲ့ ရော်ဘာထုတ်လုပ်မှုဟာ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာ ၃ ဒဿမ ၇ ရာခိုင်နှုန်း တိုးတက်ပြီး တန်ချိန် ၈၆၁၉၅ဝ ကို ရောက်ရှိခဲ့တယ်လို့ ရော်ဘာအသင်းကပြောကြားခဲ့ပါတယ်။ (၁၆၅) ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေးမှာ ရော်ဘာအသင်းဥက္ကဌက ယခုလက်ရှိပြည်တွင်းထုတ်လုပ်မှုက ၈၃၁၄ဝဝ တန်ရှိနေပြီး လျာထားချက်က ၉ဝ၂ဝဝဝ တန်ရှိကာ သုံးစွဲမှုလျာထားချက် ၉၇၇ဝဝဝ တန်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ပြည်တွင်းသုံးစွဲမှုက ၂ဝ၁ဝ-၂ဝ၁၁ မှာ ၂ ရာခိုင်နှုန်းတိုးပြီး မော်တော်ယာဉ်ကဏ္ဍမှာ တာယာထုတ်လုပ်ရေးတွေရဲ့တိုးတက်မှုက ၂၃ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။ တာယာတင်ပို့မှုက ၂ဝ ရာခိုင်နှုန်းတိုးခဲ့ပေမယ့် ထရပ်ကားနဲ့ဘက်စ်ကားတာယာတင်ပို့မှုက ၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါတယ်။ ၂ဝ၁ဝ-` ၂ဝ၁၁ ဘဏ္ဍာနှစ်မှာ ရော်ဘာတင်ပို့မှုတန်ချိန် ၂၈၄၂၄ ရှိပြီး ယခင်နှစ်ကတန်ချိန် ၂၅ဝ၉ဝ တန်ရှိခဲ့တယ်လို့ သိရပါတယ်။ သွင်းကုန်တင်သွင်းမှုက ၁၇၇၄၈၂ တန်ရှိပြီး ၇၃ ရာခိုင်နှုန်းက အခွန်လွတ်စနစ်နဲ့ တင်သွင်းခဲ့တာဖြစ်ပါတယ်။ ၂ဝ၁၁- ၂ဝ၁၂ မှာ သိုလှောင်မှု ၂၇၇ဝ၉၅ တန်နဲ့ စာရင်းဖွင့်ခဲ့တာကြောင့် ရော်ဘာအသင်းအနေနဲ့ ကုန်ပစ္စည်းပြတ်လပ်မှာကို စိုးရိမ်စရာမလိုကြောင်း သိရပါတယ်။ တာယာထုတ်လုပ်သူတွေ့ရဲ ကုန်ကြမ်းလိုအပ်ချက်အတွက် ရော်ဘာတွေတင်သွင်းမှုကို နှောင့်နှေး စေတဲ့စစ်ဆေးရေးအဆင့်တွေကို လျှော့ချပေးဖို့ ရော်ဘာအသင်းကိုမော်တော်ကားတာယာ ထုတ်လုပ် သူများအသင်း ATMA  က တိုက်တွန်းခဲ့ပါတယ်။ တင်သွင်းလာတဲ့ရော်ဘာရဲ့ အရည်အသွေးကတာယာ ထုတ်လုပ်သူများနဲ့သာသက်ဆိုင်ပြီး အစိုးရနဲ့သက်ဆိုင်မှုမရှိကြောင်း ATMA  က ပြောကြားခဲ့ပါတယ်။ တိုကိုျကုန်စည်ဒိုင်ရဲ့ စက်တင်ဘာလအတွက် စာခုျပ်ဈေးနှုန်းက တစ်ကီလိုဂရမ်ကို (၄၁၅ ယန်း) (၅ ဒေါ်လာ) ရှိပြီး ရှန်ဟိုင်းကုန်စည်ဒိုင်မှာတော့ တစ်တန်ကို ၃၄၉၆ဝ ယွမ် (၅၃၅၁ ဒေါ်လာ) ရှိကာ အိန္ဒိယကုန်စည်ဒိုင်ရဲ့ မေလအတွက် ရော်ဘာအလားအလာက တစ်တန်ကို ၂၃၈ဝဝဝ ရူပီး (၅၃၃၇ ဒေါ်လာ) ရှိကြောင်း သတင်းရရှိပါတယ်။ ှSource: commodity online ,KZW