Main menu

Background

မလေးရှားရော်ဘာထုတ်လုပ်မှု ဖေဖော်ဝါရီမှာကျဆင်း

Sun, 04/24/2011 - 08:02 -- Anonymous (not verified)

မလေးရှားရော်ဘာထုတ်လုပ်မှု ဖေဖော်ဝါရီမှာကျဆင်း               မလေးရှားနိုင်ငံရဲ့ရော်ဘာထုတ်လုပ်မှုက ၁၅ ဒဿမ ၈ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၉၁၄၄၉ တန်ကိုရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီမှာတော့ ၁ဝ၈၆၂၅ တန်ထွက်ရှိပြီး စံချိန်တင်ခဲ့ပါတယ်။ နှစ်စဉ်တိုးတက်မှု ၁၂ ဒဿမ ၉ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။ ဖေဖော်ဝါရီလကုန် သိုလှောင်မှုက ဇန်နဝါရီထက် ၇ ဒဿမ ၂ ရာခိုင်နှုန်းပိုမိုပြီး ၁၉၁၅၃၈ တန်ကိုရောက်ရှိခဲ့ကြောင်းသိရပါတယ်။ ဖေဖော်ဝါရီမှာလုပ်ငန်းငယ်တွေရဲ့ထုတ်လုပ်မှုက ၉၄ ဒဿမ ၂ ရာခိုင်နှုန်းရှိပြီး ကျန်တာကတော့ ခြံကြီးများရဲ့ ထုတ်လုပ်မှုဖြစ်တယ်လို့ သိရပါတယ်။ ပို့ကုန်တင်ပို့မှုကတော့ ဇန်နဝါရီမှာ ၇ဝ၅၅၁ တန်ရှိရာကနေ ဖေဖော်ဝါရီမှာ ၆၉၆၃၈ တန်ကိုကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီမှာ မလေးရှားရော်ဘာအသင်းကနေ စိုက်ပိုျးရေး မြှင့်တင်မှုများစတင်ဆောင်ရွက်အကောင် အထည်ဖော်နေကြောင်းသိရပါတယ်။ မလေးရှားရော်ဘာအသင်း MRBC နဲ့ မလေး ရှား ရော်ဘာပျိုးပင်ဗဟိုဌာနMRBC  တို့က ဒီလုပ်ငန်းကိုဦးဆောင်ပါတယ်။ ရော်ဘာအသင်းက မျိုးသစ်စိုက်ပိုျးရေး နည်း ပညာပြောင်းလဲမှုနဲ့စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ လေ့ကျင့်ပညာပေးရေးများဆောင်ရွက်ပြီး MRBC  ကတော့ တစ်နှစ်ကို ရော်ဘာ ပျိုးပင်ပေါက် ၃ ဒဿမ ၂၄ သန်း ထုတ်လုပ်ဖွယ်ရှိကြောင်း သိရပါတယ်။ ရော်ဘာအသင်းအနေနဲ့ ဟက်တာ ၁၁၈ဝ မှာ ဆောင်ရွက်မှာဖြစ်ပြီး MRBC  က ဆာဘေ့နဲ့ ဆာရာဝပ်ပြည်နယ်တို့မှာရှိတဲ့ ရော်ဘာစိုက်ပျိုးရေးတွေကို မြှင့်တင်ဖို့ ပျိုးပင် ၄၅ ဟက်တာထုတ်လုပ်မှာဖြစ်ကြောင်း သိရပါတယ်။ မလေးရှားအစိုးရက ၂ဝ၂ဝ မှာ ၎င်းပြည်နယ်များမှာ ရော်ဘာ ဟက်တာ ၃ သိန်းနဲ့ ၅ သိန်း စိုက်ပျိုး ထုတ်လုပ်ဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။ Source: commodity online,KZW