ပြောင်းဖူးစေ့ တင်ပို့မှု လျော့ကျ မတ်လ ၃ဝ ရက်မှ ဧပြီလ ၅ ရက်ထိကာလအတွင်း မူဆယ်နဲ့ လွယ်ဂျယ် နယ်စပ်များမှ ကန်ဒေါ်လာ ၂ ဒဿမ ၃၂၅ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၉ဝဝဝ ကျော်တင်ပို့ခဲ့ပါတယ်။ သြင်္ကန်ကာလမတ်လ ၆ ရက်မှ ၁၉ ရက်နေ့အထိ ကာလအတွင်းမှာတော့ မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်ကနေ ပြောင်းဖူးစေ့ ၈၃ဝ၁ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၂ ဒဿမ ၁၅ သန်းဖိုး တင်ပို့ခဲ့တာတွေ့ရပါတယ်။ တရုတ်ဈေးကွက်မှာ ဈေးကောင်းရရှိရေး ဈေးကွက်အခြေအနေစောင့် ကြည့်နေတာကြောင့် တင်ပို့မှုလျော့ကျခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ယခုအပတ်မှာ နံှစားပြောင်းတင်ပို့မှုမရှိခဲ့ပါဘူး။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံဈေးများကို ယှဉ်ကြည့်ရင် မသိမသာလေးသာကွာဟမှုရှိတာတွေ့ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၅၃ဝ၉ဝ ၂၅၃ဝ၉၃ ၃ ဝ .ဝ၁ ၂၈၂ ၂၈ဝ ၂ ဝ .၇MIRT (DOBT)
Background