Main menu

Background

ထုတ်လုပ်မှုကျဆင်း၍ အာဖရိကပြောင်းဈေးနှုန်းတက်

Sun, 04/24/2011 - 08:10 -- Anonymous (not verified)

ထုတ်လုပ်မှုကျဆင်း၍ အာဖရိကပြောင်းဈေးနှုန်းတက်                 မိုးခေါင်မှုကြောင့်ပြောင်းအထွက်နှုန်းထိခိုက်စေပြီး အာဖရိကနိုင်ငံတွေမှာ ပြောင်းဈေးနှုန်း ၈ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့သိရပါတယ်။ အဲဒီနိုင်ငံတွေ ကတော့ ကင်ညာ၊ ဆိုမားလီယား၊ ယူဂန်ဒါ၊ ကွန်ဂိုသမ္မတနိုင်ငံ(DRC) နဲ့ဘီနင်တို့ ဖြစ်ကြောင်းသိရပါတယ်။ ဆိုမားလီယားမှာ ၂ဝ၁၁ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီကြားမှာ ပြောင်းဈေးနှုန်း ၈ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ်ဈေးတက်လာကာ ၂ဝ၁ဝ နဲ့ နှိုင်းယှဉ်ရင် ၃၄ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါတယ်။ ဈေးနှုန်း တက်တာရဲ့အကျိုးဆက်က ကင်ညာရဲ့ငွေကြေးဖေါင်းပွမှုကို ပိုမိုဆိုးရွားစေပြီး ဇွန်လ မတိုင်ခင် ၂ ဆ ပိုမိုဆိုးရွားမယ်လို့ခန့်မှန်းကြပါတယ်။ ကင်ညာရဲ့အမျိုးသား စာရင်း ဗျူရိုရဲ့ကိန်းကဏန်းများအရ ကုန်ဈေးနှုန်းတက်မှုကမတ်လမှာ ၉ ဒဿမ ၁၉ ရာခိုင်နှုန်းရှိပြီး ဖေဖော်ဝါရီမှာ ၆ ဒဿမ ၆၄ ရာခိုင်နှုန်းရှိခဲ့တယ်လို့ သိရပါတယ်။ ကင်ညာရဲ့မျိုးစေ့ ကုမ္ပဏီကတော့ ရေသွင်းစိုက်ပျိုးနည်းကိုသုံးပြီး လာမယ့်ကာလမှာ ပြောင်းမျိုးစေ့ထုတ်လုပ်ဖို့အတွက် တွန်းအား ပေးနေကြောင်းသိရပါတယ်။ မိုးခေါင်မှုကြောင့်ပြည်တွင်းရောင်းလိုအားရဲ့ ၈ဝ ရာခိုင်နှုန်းထုတ်လုပ်ပေးတဲ့ ၎င်းကုမ္ပဏီက ၂ဝဝ၉ မှာ ပြောင်းဖူးမျိုးစေ့ ကီလို ၂၅ သန်းထုတ်လုပ်ရာကနေ ကီလို ၁၈ သန်း အထိ ထုတ်လုပ်မှု ကျဆင်းခဲ့ကြောင်း သတင်းရရှိပါတယ်။ Source: commodity online,KZW