Main menu

Background

မြောင်းမြမှာ သီဟိုဠ် လှိုင်လှိုင်ပေါ်

Sun, 04/24/2011 - 08:12 -- Anonymous (not verified)

မြောင်းမြမှာ သီဟိုဠ် လှိုင်လှိုင်ပေါ်                မြောင်းမြမြို့နယ်တွင် သီဟိုဠ်စိုက်ပျိုးဧက ၇၈၈၄ ဧကရှိတဲ့အနက် ၄၇၃၄ ဧကရိတ်သိမ်းနိုင်ပြီး တစ်ဧကကို ၁ဝ၂ ပိဿာနှုန်းဖြင့် ၈၆၁၅၈၈ ပိဿာထွက်ရှိကြောင်းသိရပါတယ်။ ယခုအချိန်တွင် သီဟိုဠ်လှိုင်လှိုင်ပေါ်လာပြီဖြစ်၍ အဝယ်ဒိုင် များမှာ လာရောက်ရောင်းချကြောင်းတွေ့ရပါတယ်။ အဝယ်ဒိုင်ပိုင်ရှင်တစ်ဦးရဲ့ ပြောကြားချက်အရ ယခင်က သီဟိုဠ်အဖွင့်ဈေးဟာ ၁၄၅ဝ ရှိပြီး၊ ယခုနှစ်မှာ တစ်ပိဿာ ၁၈ဝဝ ကျပ်ထိရှိလာပြီး အရောင်းအဝယ်သွက်ကြောင်းနဲ့ ရရှိသော သီဟိုဠ်များကို ရန်ကုန်-ဘုရင့်နောင်ပွဲရုံသို့ တင်ပို့ကြောင်းပြောပါတယ်။ ဆက်လက် ၍ ခြံပိုင်ရှင်တစ်ဦးရဲ့ ပြောကြားချက်အရ ယခုနှစ်သီဟိုဠ်ပွင့်ချိန်တွင် အချိန်အခါ မဟုတ် မိုးရွာသောကြောင့် အပွင့်ေြွက၍ အသီးအထွက်ဆုတ်ကြောင်းပြောပါတယ်။ သီဟိုဠ်အဆံမှာ သိပ်ပြီးထူးကဲသောအရသာရှိသဖြင့် တန်ဖိုးကြီးသော သရေစာ များ၊ အစားအသောက်များမှာ ထည့်သွင်းအသုံးပြုသဖြင့် ဈေးကောင်းပြီး၊ ပြည်ပ သို့တင်ပို့ရောင်းချနိုင်သော သီးနံှဖြစ်ပါတယ်။ ကျော်လင်း