Main menu

Background

ယူကရိန်းက လစဉ်ငါးပုစွန်ကွန်တိန်နာ သုံးလုံးဝယ်ယူရန် ကမ်းလှမ်း

Sun, 04/24/2011 - 08:17 -- Anonymous (not verified)

ယူကရိန်းက လစဉ်ငါးပုစွန်ကွန်တိန်နာ သုံးလုံးဝယ်ယူရန် ကမ်းလှမ်း            ယူကရိန်းနိုင်ငံက လစဉ်ငါးပုစွန် ကွန်တိန်နာ သုံးလုံးဝယ်ယူရန်ကမ်းလှမ်း လာကြောင်း ရေထွက်ပစ္စည်းထုတ်လုပ် သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များထံက သိရသည်။ ''ယူကရိန်းနိုင်ငံ (Realiltd) ရီလစ် တက်ကုမ္ပဏီက ဒါရိုက်တာနဲ့ အဖွဲ့ဝင် ၂ ဦးတို့ မြန်မာနိုင်ငံကို ဧပြီလဆန်းမှာ ရောက်ရှိခဲ့ပြီး ရေထွက်ပစ္စည်းထုတ်လုပ် သူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲအရ သူတို့ဝယ်ယူလိုတဲ့ ပစ္စည်းတွေက ရေချို ပုစွန်ငါးရော ရေငန်ပုစွန်ငါးပါ ပါတယ်။ အထူးသဖြင့် မွေးမြူရေးငါးတန်လဲပါတယ်။ မြန်မာ့ ပို့ကုန်လုပ်ငန်းရှင်တွေက ရောင်းမယ် ဆိုရင် လစဉ်ကွန်တိန်နာ သုံးလုံးပို့ပေးရမှာ။ ဈေးနှုန်းညှိဖို့ပဲ ကျန်တော့တယ်။ ဈေးနှုန်းအဆင်ပြေရင် တင်ပို့ဖြစ်မှာပါ'' ဟု ရေထွက်ပစ္စည်းတင်ပို့သူလုပ်ငန်းရှင် ဦးထွန်းအေးက ပြောကြားသည်။ အဆိုပါယူကရိန်းနိုင်ငံအခြေစိုက် လီမီတက်ကုမ္ပဏီမှာ ယခုအခါဗီယက်နမ်နိုင်ငံက ငါးပုစွန်များ ဝယ်ယူ၍ ယူကရိန်းနိုင်ငံတွင် ရေထွက်ကုန်များကို ပြုပြင်ထုတ်လုပ်ကာ ဂျာမနီနိုင်ငံသို့ တင်ပို့နေသည်ဟုဆိုသည်။ MN