Main menu

Background

အိန္ဒိယနိုင်ငံအစိုးရမှ အချို့လယ်ယာစိုက်ပိုျးရေးကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နံှမှု ၁ဝဝ ရာခိုင်နှုန်းခွင့်ပြု

Sun, 04/24/2011 - 08:40 -- Anonymous (not verified)

အိန္ဒိယနိုင်ငံအစိုးရမှ အချို့လယ်ယာစိုက်ပိုျးရေးကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နံှမှု ၁ဝဝ ရာခိုင်နှုန်းခွင့်ပြု                 အိန္ဒိယနိုင်ငံ စက်မှုမူဝါဒနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဌာနက "Consolidated FDI Policy-Circular 1 of 2011" ကိုထုတ်ပြန်ကြေညာခဲ့ပြီး ၎င်းမူဝါဒအရ မိုျးစေ့နဲ့ အပင်ဆိုင်ရာပစ္စည်းများထုတ်လုပ်မှု၊ ပန်းပင်တွေ စိုက်ပျိုး ထုတ်လုပ်မှု၊ သစ်သီးဝလံပန်းမန်စိုက်ပျိုးထုတ်လုပ်မှုနဲ့ ဟင်းသီးဟင်းရွက်နဲ့ မှိုတွေကို ထိန်းချုပ်ထားတဲ့ စည်းကမ်းတွေအရ စိုက်ပျိုးမှုစတဲ့ ကဏ္ဍတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုကို ၁ဝဝ ရာခိုင်နှုန်းခွင့်ပြုသွားမှာဖြစ်ပါတယ်။                     လက်ရှိကာလတွင် အိန္ဒိယနိုင်ငံမှာ ခွေးမွေးမြူရေးအပါအဝင် တိရစ္ဆာန်မွေးမြူရေး၊ ငါးမွေးမြူရေး၊ ရေသတ္တဝါ မွေးမြူရေး တို့ကိုလည်း ထိန်းချုပ်ထားတဲ့ စည်းကမ်းတွေအောက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နံှခွင့် ၁ဝဝ ရာခိုင်နှုန်း ခွင့်ပြု ပေးထားပြီးဖြစ်ကာ လယ်ယာနဲ့ ဆက်စပ်ကဏ္ဍတွေ စတဲ့ဝန်ဆောင်မှုလုပ်ငန်းများမှာလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နံှခွင့် ၁ဝဝ ရာခိုင်နှုန်း ခွင့်ပြုပေးသွားနိုင်ဖွယ်ရှိပါတယ်။ ဆက်လက်ပြီး လယ်ယာစိုက်ပျိုးရေးကဏ္ဍနဲ့ လက်ဖက်ကဏ္ဍတို့မှာ ၂ဝ၁၁ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်ကာ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှု အပြည့်အဝခွင့်ပြု ပေးသွားမှာဖြစ်ပါတယ်။            မျိုးမျိုးထိုက်။Source:commodityonline.com