နွားထိုးကြီးမြို့မှ အင်ကြင်းအလှဆင်ပစ္စည်းလုပ်ငန်း နွားထိုးကြီးမြို့နယ်မှ ထွက်ရှိသော အင်ကြင်းကျောက်များမှာ လွန်ခဲ့တဲ့ နှစ်သန်း ၃ဝ ကျော်က အင်ကြင်းပင်မှ ဖြစ်တဲ့ ကျောက်ဖြစ်ရုပ်ြွကင်းများ ဖြစ်တယ်လို့ ဘူမိဗေဒပညာရှင်များက ခန့် မှန်းထားကြောင်း သိရပါတယ်။ ၎င်း အင်ကြင်းကျောက်များကို ယခင်က နွားထိုးကြီးမြို့နယ်၊ ဘုရားကြီးကျေးရွာ (ဝတီမြို့ဟောင်း)မှ ပျူခေတ် ချင်းပုတီး များထုတ်လုပ်လျက်ရှိပြီး၊ ယခုအခါမှာ နွားထိုးကြီးမြို့၊ အမှတ် (၅) ရပ်ကွက်ရှိ အင်ကြင်းပစ္စည်းအရောင်းဆိုင်Ingyin (Wood Fossil Handicraft Shop) တွင် အင်ကြင်းကျောက်မှ အချောကိုင် ၍ လက်ကောက်၊ ဆွဲကြိုး၊ စိတ်ပုတီး အမျိုးမျိုး၊ သော့ချိတ်၊ စာရွက်ဖိ၊ အရုပ်မျိုးစုံမှစ၍ ဟိုတယ်အလှဆင်ပစ္စည်း များအဖြစ် ကုန်ချောများ ထုတ်လုပ် ရောင်းချနေပြီး ဈေးနှုန်းမှာ အနိမ့်ဆုံး ကျပ် ၁ဝဝဝ မှ ပစ္စည်းအမျိုးအစား အလိုက် အမြင့်ဆုံးဈေး သိန်းဂဏန်း အထိရောင်းချကြောင်း သိရပါတယ်။ ကုန်ကြမ်းများအနေဖြင့် တောင်သူများ လယ်ထွန်၊ ယာထွန်ရာမှ ရရှိတဲ့ ကျောက်ကြမ်းများကို ကျောက်အရည် အသွေးပေါ်မူတည်၍ တစ်ပိဿာကို ကျပ် ၃ဝဝ မှ ၅ဝဝ အထိ ဝယ်ယူရ ကြောင်း သိရပါတယ်။ ပြည်တွင်း ဈေးကွက်အနေဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံ ညောင်ဦး၊ တောင်ကြီး၊ အင်းလေးအထိ တင်ပို့ရောင်းချနေရပြီး၊ ပြည်ပဈေးကွက် သာရရှိလာပါက ဒေသအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်လာပြီး ပြည်တွင်းနိုင်ငံခြားဝင်ငွေ ရရှိ နိုင်သော လုပ်ငန်းတစ်ခု ဖြစ်လာနိုင်ကြောင်း သိရပါတယ်။ သန်းးအေး
Background