Main menu

Background

သြင်္ကန်ပြီးကာစ ရှမ်းချင်းဈေးကွက်ငြိမ်

Sun, 04/24/2011 - 09:44 -- Anonymous (not verified)

သြင်္ကန်ပြီးကာစ ရှမ်းချင်းဈေးကွက်ငြိမ်              ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဒီတစ်ပတ်သီးနံှဈေးတွေ ဈေးငြိမ်နေတယ်လို့ ဆိုရပါမယ်။ သြင်္ကန်ပြီးစကာလ ဖြစ်တာကြောင့် ဈေးကွက်မှာ ရောင်းသူဝယ်သူ ဈေးငြိမ်နေတဲ့ကာလလည်းဖြစ်ပါတယ်။ ဈေးကွက်မှာ ချင်းစို က လက်ကျန်နည်း နေပြီး ချင်းခြောက်ကလည်း အဝင်နည်းနေပါတယ်။ သြင်္ကန်ပွဲတော်ပိတ်ရက် တွေကြောင့် တောင်သူတွေကလည်း ချင်းတွေကို ထပ်မဖော်ကြသေးပါဘူး။ နမ့်စန် ဈေးကွက်မှာ ချင်းစိုက တစ်ပိဿာ ၄၅ဝ ကျပ်- ၅ဝဝ ကျပ်ဈေးရှိပြီး ချင်းခြောက် ကတော့ တစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးရှိပါတယ်။                    အောင်ပန်းဈေးကွက်မှာလည်း ချင်းအဝင်က ပုံမှန်သာရှိနေပါတယ်။ ပြည်တွင်း သုံးအတွက် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်စတဲ့ မြို့တွေက ဝယ်ယူနေကြ တယ်လို့ လည်း သိရပါတယ်။ အောင်ပန်းချင်းဈေးကတော့ ချင်းစို တစ်ပိဿာ ၅ဝဝ ကျပ်မှ ၈ဝဝ ကျပ်ဈေးရှိပြီး ပစ္စည်းကောင်းရင်တော့ ၁ဝဝဝ ကျပ် ဈေးအထိရှိပါတယ်။ ချင်းခြောက်ကတော့ ဝယ်လက်အေးနေတာကြောင့် တစ်ပိဿာ ၂၂ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာ ချင်းခြောက် တစ်ပိဿာ ၂၅ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေပေမဲ့ တစ်ပတ်အတွင်း ချင်းပိဿာချိန် တစ်သိန်းနှစ်သောင်း အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ချင်းပွဲရုံတွေက သိရပါတယ်။ ဧဧခိုင်