Main menu

Background

သြင်္ကန်အခါကျော်လို့ အရောင်းအဝယ်အေးသွားတဲ့ ပြည်ချင်းဈေးကွက်

Sun, 04/24/2011 - 09:46 -- Anonymous (not verified)

သြင်္ကန်အခါကျော်လို့ အရောင်းအဝယ်အေးသွားတဲ့ ပြည်ချင်းဈေးကွက်                       ပြည်ချင်းဈေးကွက်မှာ ယခုတစ်ပတ်အတွင်း တစ်ပိဿာကို (ဂျွန်) ၁၆ဝဝ ကျပ်၊ (ရှယ်) ၁၈ဝဝ ကျပ်တို့ဖြစ်ပြီး၊ သြင်္ကန်မတိုင်ခင်ဈေးအတိုင်း ပုံမှန်ရှိနေပါတယ်။ အဝင်အားဖြင့် အောင်ပန်းဘက်မှချင်းများ အခါမတိုင်မီ တစ်ပတ်လျှင် ပိဿာ ၃ဝ ဝင် အိတ် ၃ဝဝ ခန့် အဝင်ရှိခဲ့ပြီး၊ ယခုတစ်ပတ်အတွင်းမှာတော့ အဝင်မရှိဘဲ လက်ကျန်ချင်းများနဲ့ပဲ အရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်။ ပြည်ဈေးကွက် ရှိ ပွဲရုံများ၌ သြင်္ကန်ရက်အတွင်း တစ်နေ့ကို ပိဿာချိန် ၅ဝဝ ခန့်ထိ အရောင်း အဝယ် ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်အတွင်း တစ်နေ့ကို ပိဿာချိန် ၁၅ဝ ခန့်နဲ့ အရောင်း အဝယ်အေးသွားပါတယ်။ ဧရာဝတီနဲ့ရခိုင်ဘက်သို့ ပြည်ဈေးကွက်မှတစ်ဆင့် စားသုံးမှုအဖြစ် ယခုတစ်ပတ်အတွင်း ပိဿာချိန် ၃ဝဝ ခန့် တင်ပို့မှုရှိတယ်လို့လည်း သိရပါ တယ်။ ဝင်းလဲ့ဝါ