Main menu

Background

မတ်လမှာ နနွင်း ၂၆၅ တန် တင်ပို့နိုင်ခဲ့

Sun, 04/24/2011 - 09:51 -- Anonymous (not verified)

မတ်လမှာ နနွင်း ၂၆၅ တန် တင်ပို့နိုင်ခဲ့               ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ ဧပြီလ ၁ ရက်မှ ၇ ရက်တာကာလ အတွင်းနနွင်းတန်ချိန် ၇၂ ဒသမ ၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၃၆၅၆ဝ ဖိုးကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံကတော့ ရီမန်နိုင်ငံကို တန် ၃ဝ၊ စင်ကာပူနိုင်ငံကို ၁၆ ဒသမ ၅ တန်နဲ့ ဂျပန်နိုင်ငံကို ၂၆ တန်အသီးသီးတင်ပို့ ခဲ့တာတွေ့ရပါတယ်။ မတ်လမှာ နနွင်းတန်ချိန် စုစုပေါင်း ၂၆၅ ဒသမ ၃၈ တန် တင်ပို့နိုင်ခဲ့ပြီး ဖေဖော်ဝါရီမှာ ၇၆ တန်သာတင်ပို့နိုင်ခဲ့တာကြောင့် မတ်လမှာ ၁၈၉ ဒသမ ၃၈ တန်ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ အလားတူကာလဖြစ်တဲ့ ၂ဝ၁ဝ မတ်လမှာ နနွင်းတန်ချိန် ၄၅၇ ဒသမ ၈၆ တန်တင်ပို့နိုင်ခဲ့တာကြောင့် ဒီနှစ်မှာ တန်ချိန် ၁၉၂ ဒသမ ၄၈ တန်လျော့နည်းပြီး တင်ပို့ခဲ့တာတွေ့ရပါတယ်။ MIRT (DOT)