Main menu

Background

ပုံမှန်အရောင်းအဝယ်ဖြစ်တဲ့ ရှမ်းနနွင်းဈေးကွက်

Sun, 04/24/2011 - 09:53 -- Anonymous (not verified)

ပုံမှန်အရောင်းအဝယ်ဖြစ်တဲ့ ရှမ်းနနွင်းဈေးကွက်                  ဧပြီလ တတိယပတ်မှာ ရှမ်းနနွင်းကတော့ ပုံမှန်အရောင်းအဝယ်ဖြစ်နေပါတယ်။ မိုးမရွာတော့ပေမဲ့ သြင်္ကန်ပွဲတော်ကြောင့် နနွင်းအဝင်က များမလာသေးပါဘူး။ ဟိုပုံးနနွင်းကတော့ ဝယ်လက်တွေ အကြိုက်တွေ့ပြီး ဝယ်ယူနေတာကြောင့် ဈေးကွက်မှာ လက်ကျန်သိပ်မရှိတော့ဘူးလို့ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း မှာ နနွင်းအထွက်အများဆုံးက ပင်လောင်းမြို့နယ်က ဖြစ်ပါတယ်။ ပင်လောင်း နနွင်းက မြေကြောင့် အဖြူစတွေသာ အထွက်များပါတယ်။ အဖြူစတွေက ဈေးကွက်မှာလည်း ရောင်းပန်းသိပ်မလှပါဘူး။ အောင်ပန်းဈေးကွက်မှာတော့ ပင်လောင်း နနွင်းစတွေက အဝင်များပါတယ်။ ဝယ်လက်တွေကတော့ ဒီလိုအချိန်မှာ အရည် အသွေးကောင်း၊ ပစ္စည်းကောင်းတွေကို ရွေးဝယ်ပေမဲ့ လက်ကျန်နည်းလာရင်တော့ ပင်လောင်းနနွင်းကိုပါ ဝယ်ယူလေ့ရှိပါတယ်။ ဒီတစ်ပတ် နနွင်းဈေးတွေကတော့ အောင်ပန်းဈေးကွက်မှာတော့ နနွင်းခြောက်အရည်အသွေးပေါ်မူတည်ပြီး တစ်ပိဿာ ၂၂ဝဝ ကျပ်မှ ၂၅ဝဝ ကျပ်ဈေးရှိပြီး တောင်ကြီးဈေးကွက်မှာတော့ တစ်ပိဿာ ၂၅ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေပါတယ်။ ဧဧခိုင်