Main menu

Background

မတ်လမှာ မန်ကျည်းတန်ချိန် နှစ်ထောင့်နှစ်ရာနီးပါး တင်ပို့နိုင်

Sun, 04/24/2011 - 09:57 -- Anonymous (not verified)

မတ်လမှာ မန်ကျည်းတန်ချိန် နှစ်ထောင့်နှစ်ရာနီးပါး တင်ပို့နိုင်               ဧပြီလ ၁ရက်မှ ၇ ရက်တာကာလ အတွင်း မန်ကျည်းတန်ချိန် ၁၉၅ ဒသမ ၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၇၅၅ဝဝ ဖိုးကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံမှာ စင်ကာပူနိုင်ငံ ကို ၁၂ဝ တန်၊ ပါကစ္စတန်ကို ၅ဝ တန်နဲ့ မလေးရှားကို ၂၅ ဒသမ ၅ တန်ပဲဖြစ်ပါတယ်။ မတ်လမှာ မန်ကျည်းသီးတန်ချိန် ၂၁၇၉ ဒသမ ၈၁ တန်တင်ပို့နိုင်ခဲ့ပြီး ဖေဖော်ဝါရီမှာ ၈၅၇ တန်တင်ပို့ခဲ့တာ ကြောင့် မတ်လမှ မန်ကျည်းတန်ချိန် ၃ ဆနီးပါးလောက် ပိုမိုတင် ပို့နိုင်တာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁ဝ မတ်လမှာ လည်း ၂၁၈၃ တန်တင်ပို့နိုင်ခဲ့ တာ ကြောင့် ယခင်နှစ်ပို့နိုင်ခဲ့တဲ့ စံချိန်ကို မီခဲ့တယ်လို့ ဆိုရပါမယ်။ MIRT (DOT)