ကုန်စည်ဒိုင်သုံးသပ်ချက်
ကုန်စည်ဒိုင်သုံးသပ်ချက် မတ်ပဲ(ကုန်ကြမ်း) ကို သြင်္ကန်အခါအပြီးမှာ မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ဝယ်ရောင်းကုန်သည်ကြီးများ က အဝယ်ပါးသွားတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာနဲ့ ဟင်္သာတမှာ ဈေးကျနေပြီး ပြည်မှာ ဈေးငြိမ်နေကြောင်း တွေ့ရ ပါတယ်။ ပဲစင်းငုံနီကို အိတ်စပို့ဝယ်လက်တွေက ဈေးချအဝယ်ရှိ သလို အဝယ်ပါးသွားတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မြင်းခြံ၊ ပြည၊် မုံရွာ ၊ မကွေး ၊ အောင်လံ နှင့် ပခုက္ကူ မှာ ဈေးကျ လာကြောင်း တွေ့ရပါတယ်။ ပဲတီစိမ်း(ခရမ်း)ကို တရုတ်ဝယ်လက်က အဝယ်အေးသွားတာကြောင့် ဘုရင့်နောင်မှာ ဈေးကျနေပြီး မန္တေ လးမှာ ဈေးအနည်းငယ်မြင့်နေတာ တွေ့ရပါတယ်။ ကုလားဖြူလုံံံးကြီးကို ရန်ကုန်ဝယ်လက်အပြင် ဒေသတွင်း ပဲခွဲစက်သမားများက ဝယ်အားပုံမှန်ရှိတာကြောင့် မန္တလေး၊ ပခုက္ကူ၊ မုံရွာ၊ မြင်းခြံနှင့် ဘုရင့်နောင်မှာ ဈေးမြင့်နေကြောင်း တွေ့ရပါတယ်။ ပြောင်းကို တရုတ်ဝယ်လက်နှင့် ဒေသတွင်းအစာစပ် လုပ်ငန်းရှင်များက ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များ အရောင်း များနေတာကြောင့် တောြင်ကီး န ဲ့ လားရှိုး မှာ ဈေးအနည်း ငယ်ကျနေပြီး မူဆယ်နဲ့အောင်ပန်း မှာ ဈေးမဆိုသိသလောက် မြင့့်် နေတာ တွေ့ရပါတယ်။
