Main menu

Background

တရုတ်နိုင်ငံမှာ ကုန်အမှတ်တံဆိပ်အများဆုံး မှတ်ပုံတင်

Mon, 04/25/2011 - 09:17 -- Anonymous (not verified)

 တရုတ်နိုင်ငံမှာ ကုန်အမှတ်တံဆိပ်အများဆုံး မှတ်ပုံတင်              စုစုပေါင်းကုန်အမှတ်တံဆိပ်လျှောက်ထားတာနဲ့ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ပေးရာမှာ တရုတ်နိုင်ငံကပြီးခဲ့တဲ့ ၂ဝ၁ဝ ပြည့်နှစ်ကုန်ပိုင်းက ကမ္ဘာမှာ ထိပ်တန်းနေရာကို ရယူထားတယ်လို့ ဉာဏပစ္စည်းမူပိုင်ခွင့်အရာရှိ တစ်ဦးက ဧပြီ ၂၁ ရက်ကပြောပါတယ်။ မူပိုင်ခွင့်ဆိုင်ရာ(IPR) အာဏာပိုင်တွေဟာ ယခင်နှစ်က ကုန်အမှတ်တံဆိပ်သစ် လျှောက်လွှာတစ်သန်းကျော်ကို လက်ခံရရှိခဲ့တယ်လို့ နိုင်ငံတော်ဉာဏပစ္စည်းပိုင်ဆိုင်မှုရုံး (SIPO)  မှ ညွှန်ကြားရေးမှူး တီယန်လီပုက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။                  ၂ဝ၁ဝ ပြည့်နှစ်မှာ ကုန်ပစ္စည်းအမှတ်တံဆိပ်လျှောက်လွှာ ၁ ဒသမ ၂၂ သန်းကျော်လက်ခံရရှိခဲ့တယ်။ တရုတ်ကုမ္ပဏီတွေကလည်း ကုန်ပစ္စည်းမှတ်ပုံတင်ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာခုျပ်အရ ယခင်နှစ်က ပြည်ပမှာ မူပိုင်ခွင့်လျှောက်လွှာ ၁၂၃၃၇ ခုလျှောက်ထားခဲ့တယ်လို့ ဆိုပါတယ်။ ယခင်နှစ်က ပြည်ပမှာ ယခုလို လျှောက်ထားရာမှာ တရုတ်နိုင်ငံက စတုတ္ထနေရာမှာရှိနေပါတယ်။                   တရုတ်နိုင်ငံရှိ IPR အာဏာပိုင်တွေက မူပိုင်ခွင့်အငြင်းပွားမှု ၁ဝ၇၇ ခုကိုလက်ခံကိုင်တွယ်ခဲ့ရပြီး ယခင်နှစ် က ၇၂၈ ခုကို ဖြေရှင်းပေးခဲ့တယ်လို့ တီယန်ကပြောပါတယ်။ လွန်ခဲ့တဲ့နှစ်အောက်တိုဘာလကစပြီး တရုတ်နိုင်ငံမှာ IPR  စည်းမျဉ်းဖောက်ဖျက်မှုတွေကို အထူးနှိမ်နင်းခဲ့တယ်လို့ ဆိုပါတယ်။            Source:Xinhua