Main menu

Background

အိန္ဒိယသမုဒ္ဒရာတွင်းမှာ တောင်ကိုရီးယားသင်္ဘောကို တိုက်ခိုက်ခံရ

Mon, 04/25/2011 - 09:24 -- Anonymous (not verified)

 အိန္ဒိယသမုဒ္ဒရာတွင်းမှာ တောင်ကိုရီးယားသင်္ဘောကို တိုက်ခိုက်ခံရ                    တောင်ကိုရီးယား ကုန်သေတ္တာ သင်္ဘောတစ်စီးဟာ အိန္ဒိယသမုဒ္ဒရာ အတွင်းမှာ ပင်လယ်ဓါးပြတွေရဲ့ တိုက် ခိုက်တာကိုခံရပြီး ပျောက်ဆုံး နေတယ် လို့ သင်္ဘောပိုင်ရှင်က ဧပြီ ၂၁ ရက်က ပြောပါတယ်။ တောင်ကိုရီးယား ၁၄ ဦးနဲ့ အင်ဒိုနီးရှားလူမျိုး ၆ ဦးပါဝင်တဲ့ တန်ချိန် ၇၅ဝဝဝ ရှိ ဟန်ဂျင်းတီယန်ဂျင်း သင်္ဘောကို ကိုရီးယားစံတော်ချိန် မနက် ၅ နာရီ ၁၅ မိနစ် (ဂရင်းနစ်စံတော်ချိန် ဧပြီ ၂ဝ ရက် ၂ဝး၁၅ နာရီ) မှာတိုက်ခိုက်ခံရတယ်လို့ သတင်းပို့ကြောင်း ဆိုးလ်မြို့ အခြေစိုက် ဟန်ဂျင်းရှစ်ပင်း ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဖော်ပြထား ပါတယ်။                      ရေယာဉ်ဟာ စင်ကာပူကိုဦးတည်လာနေစဉ် အေဒင်ပင်လယ်ကွေ့ အနီး မှာ ပင်လယ်ဓါးပြတွေရဲ့ တိုက်ခိုက် တာကိုခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အေဒင်ပင်လယ်ကွေ့အနီး ဆိုကို ထရာရှိယီမီနီကျွန်းစုရဲ့ အရှေ့ဘက် ကီလိုမီတာ ၄ဝဝ (မိုင် ၂၅ဝ) အကွာမှာ တိုက်ခိုက်ခံရပြီးတဲ့ နောက်ပိုင်း အဆက်အသွယ်ပြတ်သွားပါတယ်။ သင်္ဘောပေါ်မှာ ကုန်သေတ္တာ ၆၅ဝဝ ပါဝင်ပါတယ်။ ဆိုမာလီ ကမ်းလွန် ပင်လယ်ဓါးပြပေါများတဲ့ နေရာမှာ ကင်းလှည့်နေတဲ့ ဖျက်သင်္ဘော ခိျွုင် ယန်းက အခင်းဖြစ်ပွားရာ နေရာသို့ ခုတ်မောင်း သွားတယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယား ရေတပ် ကွန်မန်ဒိုတွေက အာရေဗီယံပင်လယ်ပြင်မှာ ပင်လယ်ဓါးပြတွေ သိမ်းပိုက်ထားတဲ့ သင်္ဘောတစ်စီးကို စွန့်စွန့်စားစား ကယ်တင်ပြီး သင်္ဘောသား ၂၁ ဦးကို ကယ်တင်ခဲ့ဖူးပါတယ်။Source:AFP