Main menu

Background

ဆမ်ဆောင်းက အက်ပဲကို တန်ပြန်တရားစွဲ

Mon, 04/25/2011 - 09:27 -- Anonymous (not verified)

ဆမ်ဆောင်းက အက်ပဲကို တန်ပြန်တရားစွဲ              ဆမ်ဆောင်းရဲ့ စမတ်ဖုန်းတွေနဲ့ တဲဘလက်ကွန်ပူျတာတွေက သူ့ရဲ့ထုတ်ကုန်တွေ ကူးချထားတယ်လို့ အက်ပဲက တရားစွဲပြီးတဲ့နောက် အက်ပဲရဲ့ အိုင်ဖုန်းနဲ့ အိုင်ပက်တွေနဲ့ပတ်သက်ပြီး ဆမ်ဆောင်းအီလက်ထရွန်းနစ်ကုမ္ပဏီက အက်ပဲကို မူပိုင်ခွင့်အတွက် လက်တုံ့ပြန်တရားစွဲဆိုခဲ့ပါတယ်။                   သူ့ရဲ့ အိုင်ဖုန်းနဲ့ အိုင်ပက်တွေရဲ့ မူပိုင်ခွင့်နဲ့ ကုန်အမှတ်တံဆိပ်ပိုင်ခွင့်တွေကို ဆမ်ဆောင်းက ချိုးဖောက်တယ်လို့ အက်ပဲက ဧပြီ ၂၂ ရက်က တရားစွဲဆိုခဲ့ပါတယ်။ ကယ်လီဖိုးနီးယားမှာ အခြေစိုက်ထားတဲ့ ကူပါတီနိုကုမ္ပဏီက ဆမ်ဆောင်း က ထုတ်လုပ်တဲ့ ချက်ပ်နဲ့ အယ်လ်စီဒီဖန်သားပြင်တွေအပေါ်မှာ အကြီးအကျယ်မှီခိုနေရတဲ့အတွက် အက်ပဲနဲ့ ဆမ်ဆောင်းတို့ ရဲ့ ဥပဒေရေးရာတိုက်ပွဲက နည်းပညာကုမ္ပဏီနှစ်ခုရဲ့ စီးပွားရေးဆက်ဆံမှုကို ဆိုးဝါးလာစေနိုင်ပါတယ်။                   Android Operating System  က အက်ပဲရဲ့ ရီဆပ်အင်မိုးရှင်းကုမ္ပဏီတွေမတိုင်မီ ဖေဖော်ဝါရီလ သုံးလပတ်ကတည်း က အမေရိကန်ပြည်ထောင်စုမှာ လူကြိုက်အများဆုံး စမတ်ဖုန်းဆော့ဖ်ဝဲဖြစ်ခဲ့တယ်လို့ သုတေသနလုပ်ငန်းတစ်ခုဖြစ်တဲ့ comscore  ရဲ့စစ်တမ်းအရ သိရပါတယ်။ ဆမ်ဆောင်းက Android  လူကြိုက်များတာကို အခြေပြုပြီး စမတ်ဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုအဖြစ် ကြီးထွားလာ ပြီး အက်ပဲရဲ့ပြိုင်ဖက်ဖြစ်လာခဲ့ပါတယ်။ Source:news.yahoo.com