Main menu

Background

မြေငလျင်ကြောင့် တိုရှီဘာရဲ့ အရောင်းနှင့် အမြတ်ကျဆင်းမည်

Mon, 04/25/2011 - 10:10 -- Anonymous (not verified)

 မြေငလျင်ကြောင့် တိုရှီဘာရဲ့ အရောင်းနှင့် အမြတ်ကျဆင်းမည်                မတ်လကဖြစ်ပွားခဲ့တဲ့ မြေငလျင် နဲ့ ဆူနာမီကြောင့် မတ်လမှာကုန်ဆုံးမဲ့ ဘဏ္ဍာနှစ်အတွက် တိုရှီဘာရဲ့ အရောင်း နဲ့ အကျိုးအမြတ်ခန့်မှန်းချက် ဟာ စောစောပိုင်းက ခန့်မှန်းထားတာ ထက် ကျဆင်းနိုင်တယ်လို့ ဂျပန်တိုရှီ ဘာကုမ္ပဏီကဧပြီ ၁၉ ရက်ကပြောပါတယ်။                  မတ် ၁၁ ရက်က ဖြစ်ပွားခဲ့တဲ့ သဘာဝဘေးအန္တရာယ်ရဲ့ ဂယက်နဲ့ ဒီဂယက်ကြောင့်ဖြစ်နေတဲ့ ဓါတ်အား ဖြန့်ဖြူးမှု ပြဿနာတွေကြောင့် တိုရှီဘာရဲ့တချို့ပြည်တွင်း စက်ရုံတွေ ပိတ်ခဲ့ရပြီး တချို့ ကုန်ထုတ်လုပ်မှုတွေ လျှော့ကျခဲ့ ပါတယ်။ ယခုအခါ ကုမ္ပဏီ ရဲ့ အမြတ်ငွေကို ယန်းဘီလီယံ ၂၄ဝ (ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ) ရှိမယ် လို့ ခန့်မှန်းထားပါတယ်။ ဒီပမာဏက ဇန်နဝါရီကခန့်မှန်းခဲ့တဲ့ ယန်းဘီလီယံ ၂၅ဝ အောက် လေးရာခိုင်နှုန်းနိမ့်ကျပါ တယ်။ ကုမ္ပဏီရဲ့ ဝင်ငွေကိုလည်း မူလခန့်မှန်းထားတဲ့ ယန်း ၆ ဒသမ ၆ ထရီလီယံကနေ ယန်း ၆ ဒသမ ၄ ထရီလီယံထိ လျှော့ချ ခန့်မှန်းထားပါတယ်။                          Source:AFP