ဆန်တန်ချိန် နှစ်သိန်းကျော်တင်သွင်းဖို့ ဖိလစ်ပိုင်အစိုးရက မေလ ၂ ရက်မှာ တင်ဒါခေါ်မယ်
ဆန်တန်ချိန် နှစ်သိန်းကျော်တင်သွင်းဖို့ ဖိလစ်ပိုင်အစိုးရက မေလ ၂ ရက်မှာ တင်ဒါခေါ်မယ် ဖိလစ်ပိုင်နိုင်ငံတော်စားနပ်ရိက္ခာအာဏာပိုင် (NFA ) ဟာ ယခုနှစ် နိုင်ငံတော်အဓိကအစားအစာ တင်သွင်းဖို့ ကျန်နေသေးတဲ့ တန်ချိန် ၂ဝ၅၁၅၂ တန်တင်သွင်းဖို့် ပုဂ္ဂလိက ကုန်သည်များအတွက် မေ ၂ ရက်မှာ တင်ဒါအသစ် ခေါ်ယူ သွားမယ်လို့ သိရပါတယ်။ မတ်လခေါ်ယူခဲ့တဲ့ တင်ဒါ မှာ ဆန်တန်ချိန် ၆ သိန်းခွင့်ပြုချက်ထက် ကျော်လွန်ပြီး တန် ချိန် ၆၉၃၇၄၈ တန်ကို ပုဂ္ဂလိက ကုမ္ပဏီများထဲက တင်ဒါများ လက်ခံခဲ့ပေမဲ့ အထောက်အထားလိုအပ်ချက်တွေ အချို့ကမ်း လှမ်းမှုတွေကို ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။ ယခုတင်ဒါအသစ်ကိုဆန်တင်သွင်းခွင့် တန်ချိန် ၆ဝဝဝဝ စီရရှိထားပြ ီးဖြစ်တဲ့ပုဂ္ဂလိကကုမ္ပဏီများနဲ့ လယ်သမားအုပ်စု များ အားလုံးကို ဖွင့်ပေးမယ်လို့လည်း သိရပါတယ်။(NFA ) အနေနဲ့ ဇူလိုင်လမှာ စတင်မယ့် ရိတ်သိမ်းရာသီမတိုင်မီ အရောက် တင်သွင်းနိုင်လိမ့်မယ်လို့ ယုံကြည်ထားကြောင်း လည်း သိရပါတယ်။ (NFA ) အုပ်ချုပ်ရေးမှူး Angelito Banayo က ဖိလစ်ပိုင်ကို အဓိကဆန်ရောင်းနေတဲ့ ဗီယက်နမ်မှာ ဆန်ဈေးမြင့်တက်နေမှုနဲ့ ပတ်သက်ပြီး စိုးရိမ်မှု မရှိကြောင်း ဧပြီလ ၂၇ ရက်နေ့မှာ ပြောကြားခဲ့တယ်လို့သိရပါတယ်။ ယခင်လ တင်ဒါ မှာတင်သွင်းသူများဟာဆန်ဈေး မြင့်တက် ခြင်းမပြုမီ အရောင်းအဝယ် လုပ်ထားကြောင်းလည်း ၎င်းက ပြောကြားပါတယ်။ မေလမကုန်မီ ဆန်များစတင်ရောက်ရှိ မယ်လို့ ယုံကြည်ထားကြောင်းလည်း ၎င်းကဆက်လက် ပြောကြားပါတယ်။ မကြာသေးခင်က ကမ္ဘာမှာ ဆန်အများဆုံးဝယ်ယူတဲ့ ဖိလစ်ပိုင်နိုင်ငံ ြၤဗ ဟာ ဗီယက်နမ်ကဆန်တန်ချိန် ၂ သိန်း ဝယ်ယူခဲ့ခြင်းအပါအဝင် ယခုနှစ်မှာ ဆန်တန်ချိန် ၈၆ဝဝဝဝ သာ ဝယ်ယူမှာဖြစ်လို့ ယခင်နှစ် သမိုင်းတင်မြင့်တက်ဝယ်ယူ ခဲ့တဲ့ တန်ချိန် ၂ ဒသမ ၄၅ သန်းရဲ့ သုံးပုံတစ်ပုံခန့်သာ ရှိ တယ်လို့ သိရပါတယ်။ လမင်းSource: Reuters
