Main menu

Background

ပင်လယ်ရေကြောင်း မတ်ပဲတင်ပို့မှု အားကောင်းနေဆဲ

Sun, 05/01/2011 - 05:19 -- Anonymous (not verified)

ပင်လယ်ရေကြောင်း မတ်ပဲတင်ပို့မှု အားကောင်းနေဆဲ               ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုအနေနဲ့ သြင်္ကန်မတိုင်မီ သီတင်းပတ် အတွင်း တန်ချိန် တစ်သောင်းကျော်ထိ တင်ပို့ခဲ့ပြီး သြင်္ကန်အပြီး သီတင်းပတ် (ဧပြီလ ၂၂ ရက်မှ ၂၈ ရက်) အတွင်းမှာလည်း တန်ချိန် ၇၅ဝဝ ခန့်နဲ့ တင်ပို့မှုအား ကောင်းဆဲ ဖြစ်တာတွေ့ရပါတယ်။ မတ်ပဲတင်ပို့မှုနိုင်ငံအစုံရှိပေမဲ့ အဓိကပမာဏ များတာကတော့ အိန္ဒိယကို ဖြစ်ပါတယ်။               ယခင်ဘဏ္ဍာနှစ် မတ်ပဲတင်ပို့မှုကို လေ့လာကြည့်ရာမှာ တစ်နှစ်ပတ်လုံး တန်ချိန် ၅ သိန်းနီးပါး အပို့ရှိခဲ့ပြီး ၂ဝ၁ဝ ဧပြီ ၁ ရက်မှ ၂၂ ရက်အတွင်း တန်ချိန် နှစ်သောင်းကျော်တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ၂၂ ရက်အတွင်းမှာတော့ တန်ချိန် ၁၅ဝဝဝ ခန့်သာရှိလို့ ယခင်ဘဏ္ဍာနှစ် ကာလတူထက် တန်ချိန် ၅ဝဝဝ ခန့် လျော့ကျတင်ပို့နိုင်တာတွေ့ရပါတယ်။ လက်ရှိ အရောင်းအဝယ်ဖြစ်မှုတွေအရ လာမယ့် သီတင်းပတ်တွေမှာလည်း မတ်ပဲ တင်ပို့မှု အားကောင်းဖွယ်ရှိကြောင်း သိရပါတယ်။                MIRT - MAPT