ပဲမျိုးစုံအနက် မတ်ပဲကို ပြည်ပ FOB အဝယ်အများဆုံးဖြစ် ရန်ကုန်မြို့ဈေးကွက်အတွင်း ပဲမျိုးစုံပြည်ပအဝယ်များရှိတဲ့အနက် မတ်ပဲကိုတော့ ဝယ်လိုအား အများဆုံး ဖြစ်တယ်လို့ ကုန်သည်ကြီးများက ဆိုပါတယ်။ လက်ရှိဈေးမှာ ပြည်ပဝယ်လက်အကြိုက်တွေ့ပြီး အဝယ်သွက် နေတယ်လို့ သိရပါ တယ်။ ပဲအသင်းတာဝန်ရှိသူတစ်ဦး ပြောကြားချက်အရ ယခုနှစ်မှာ ပဲထွက်နောက်ကျခြင်း၊ ရိတ်သိမ်းချိန်မိုးတစ်ကြိမ် ရွာသွန်းမှုကြောင့် ပဲရိတ်သိမ်းမှုနှေးကွေးခြင်း တို့ကြောင့် ဈေးကွက်အတွင်း ဝင်ရောက်မှုဟာ ပုံမှန်ထက်နောက်ကျပြီး သြင်္ကန် နောက်ပိုင်းမှာ စုပြုံဝင်ရောက်လာတယ်လို့ သိရပါတယ်။ ပြည်ပဝယ်လက်များ အဝယ်သွက်နေတဲ့တိုင် ဝယ်လိုအားထက်ရောင်းလိုအား အဆမတန်များခြင်းနဲ့ ကုန်သည်ကြီးများ ငွေကြေးမနိုင်မနင်း ဖြစ်ခြင်းတို့ကြောင့် ဈေးကျဆင်းလာခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ဒီရက်ပိုင်းအတွင်း မတ်ပဲ SQ အရောင်းအဝယ် ဖြစ်မှုများပေမဲ့ FAQ အရောင်းအဝယ်နည်းတာလေ့လာတွေ့ရှိရပါတယ်။ ဒါပေမဲ့ တစ်ပတ်အတွင်း (ဧပြီလ ၂၃ မှ ၂၈ )အရောင်းအဝယ်ဖြစ် မှုကတော့ မတ်ပဲ FAQ တန်ချိန် ၈ဝဝဝ ကျော်နဲ့ SQ တန်ချိန် ၆ဝဝဝ ခန့်ရှိတာ တွေ့ရပါတယ်။ ဧပြီလ ၁ ရက်မှ ၂၈ ရက်အတွင်း (ကုန်စည်ဒိုင်ဖွင့်ရက်များအတွင်း) အရောင်းအဝယ်ဖြစ်မှုအနေနဲ့ မတ်ပဲ SQ တန်ချိန် တစ်သောင်းကျော်နဲ့ FAQ တန်ချိန် ၃ဝဝဝဝ နီးပါးအရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးများနှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၂၉-၄-၁၁ ၈၅ဝ-၈၇ဝ ၁ဝဝဝ-၁ဝ၂ဝ၂၂-၄-၁၁ ၉၁ဝ-၉၃ဝ ၁ဝ၆ဝ-၁ဝ၈ဝ MIRT(MAPT)
Background