Main menu

Background

်ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှု သိသိသာသာလျော့ကျ

Sun, 05/01/2011 - 05:37 -- Anonymous (not verified)

 ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှု သိသိသာသာလျော့ကျ                ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုဟာ ယခင်သီတင်းပတ်တွေက တန်ချိန် ၃၅ဝဝ ကျော်နဲ့ ပုံမှန်တင်ပို့ ခဲ့ရာမှ သြင်္ကန်အပြီး ယခုသီတင်းပတ်မှာတော့ တန်ချိန် ၃ဝဝဝ အောက်ကို သိသိသာသာ လျော့ကျတင်ပို့တာ တွေ့ရပါတယ်။ အိန္ဒိယ ဝယ်လိုအား နည်းနေတာကြောင့် ပဲစင်းငုံတင်ပို့မှုကတော့ အားပျော့နေဦးမယ်လို့ ကုန်သည် များက သုံးသပ်ပါတယ်။                 ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ်အတွင်း ပဲစင်းငုံတင်ပို့မှုကို လေ့လာရာမှာ တန်ချိန် ၁၅ဝဝဝဝ ခန့်သာရှိပြီး ၂ဝ၁ဝ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၂ ရက်အတွင်း တန်ချိန် ၂ဝဝဝ ခန့်သာရှိခဲ့တာတွေ့ရပါတယ်။ ယခုဘဏ္ဍာနှစ် ကာလတူ မှာတော့ တန်ချိန် ၅ဝဝဝ အထိ တင်ပို့မှုရှိလို့ ယခင်ဘဏ္ဍာနှစ် ကာလတူထက် ပိုတင်လာတာတွေ့ရှိရပါတယ်။                      MIRT - MAPT