သြင်္ကန်အပြီး ပဲလွန်းဖြူနီ တင်ပို့မှု ပုံမှန်အတိုင်းဖြစ် သြင်္ကန်မတိုင်မီ သီတင်းပတ် အတွင်း ပဲလွန်းဖြူနီ တန်ချိန် ၂ဝဝဝ အထိ တိုးတင်ပို့ခဲ့ရာမှ သြင်္ကန်အပြီး (ဧပြီလ ၂၂ ရက်မှ ၂၈ ရက်)မှာတော့ တန်ချိန် ၅ဝဝ နဲ့ ပုံမှန်တင်ပို့မှုအတိုင်း တင်လာတာတွေ့ရပါတယ်။ ယခုနှစ်ပိုင်းမှာ ပဲလွန်းဖြူကို နိုင်ငံစုံက ဝယ်ယူလျက်ရှိပြီး ဒီတစ်ပတ်မှာ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ကိုရီးယား၊ စင်ကာပူ၊ ထိုင်းနဲ့ အီကွေဒေါစတဲ့ နိုင်ငံတွေကို တင်ပို့ခဲ့ပါတယ်။ ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ်အတွင်း ပဲလွန်းဖြူ တန်ချိန် ၃ဝဝဝဝ နီးပါးတင်ပို့ ခဲ့ပြီး ၂ဝ၁ဝ ဧပြီလ ၁ ရက်မှ ၂၂ ရက် အတွင်းမှာ တန်ချိန် ၃ဝဝဝ ကျော်တင်ပို့ ခဲ့တာတွေ့ရပါတယ်။ ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ၂၂ ရက်အတွင်းမှာ လည်း တန်ချိန် ၃ဝဝဝ ကျော်တင်ပို့မှုရှိတာတွေ့ရပါတယ်။ ပြည်ပဝယ်လက်ကြိုက် ပဲဖြစ်လို့ ပုံမှန်တင်ပို့မှု ရှိဦးမယ် လို့ ကုန်သည်များက ဆိုပါတယ်။ MIRT - MAPT
Background