ဧပြီလမှာ ပဲလွန်းဖြူ တန် ၅ဝဝဝ FOB အရောင်းအဝယ်ဖြစ် ဧပြီလ ၁ ရက်မှ ၂၈ ရက်အတွင်း ကုန်စည်ဒိုင်ဖွင့်ရက် ပဲလွန်းဖြူတန်ချိန် ၅ဝဝဝ ကို FOB အရောင်းအဝယ်ဖြစ် ခဲ့တာ တွေ့ရပါတယ်။ ပြည်ပဝယ်လိုအား ရှိပြီး ပြည်တွင်းဒေသအသီးသီးက လည်း ဈေးကွက်တွေကို ဝင်ရောက်နေ တာကြောင့် အခြားပဲအုပ်စုထဲမှာ ပဲလွန်းဖြူကို ပြည်ပအဝယ်များတာ တွေ့ရပါတယ်။ သြင်္ကန်အပြီး သီတင်းပတ်တွင်းမှာ နေ့စဉ် အရောင်းအဝယ် ရှိပြီး တစ်ပတ်လုံးတန်ချိန် ၂၆ဝဝ ကျော် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ သြင်္ကန် မတိုင်မီဈေးအတိုင်း ပြောင်းလဲမှု မရှိဘဲ ပဲလွန်းဖြူ (FAQ ) တစ်တန် ကန်ဒေါ်လာ ၈၂ဝ-၈၄ဝ နဲ့ SQ တစ် တန်ကို ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ အသီးသီး ရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
Background