Main menu

Background

အိန္ဒိယပဲမျိုးစုံထွက်ရှိမှု တန်ချိန် ၁၇ ဒသမ ၂၉ သန်းထိ ရှိလာနိုင်

Sun, 05/01/2011 - 06:00 -- Anonymous (not verified)

အိန္ဒိယပဲမျိုးစုံထွက်ရှိမှု တန်ချိန် ၁၇ ဒသမ ၂၉ သန်းထိ ရှိလာနိုင်               အိန္ဒိယနိုင်ငံရဲ့ ၂ဝ၁ဝ-၁၁ ရာသီအတွက် ပဲမျိုးစုံထုတ်လုပ်မှုဟာ ၁၈ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁၇ ဒသမ ၂၉ သန်းထိ မြင့်တက်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ၂ဝဝ၉-၁ဝ ခုနှစ်မှာ တန်ချိန် ၁၄ ဒသမ ၆၆ သန်းထွက်ရှိ ခဲ့တယ်လို့ သိရပါတယ်။ ၂ဝ၁ဝ-၁၁ အတွင်း ပဲမျိုးစုံစိုက်ဧရိယာဟာလည်း ၁၂ ရာခိုင်နှုန်းမြင့်တက်ပြီး ဟက်တာ ၂၃ ဒသမ ဝ၅ သန်း ရှိခဲ့တယ်လို့ သိရပါတယ်။               အစိုးရရဲ့ ပဲမျိုးစုံနဲ့ ပတ်သက်တဲ့ စီမံကိန်းများစွာ၊ သင့်တော်တဲ့ အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း၊ မုတ်သုံမိုး ပိုကောင်းလာခြင်းနဲ့ နည်းပညာကောင်းမွန်မှုများက အထွက်မြင့်တက်ဖို့ အထောက်အပံ့ဖြစ်စေခဲ့တယ်လို့ ကန်ပါရှိ အိန္ဒိယပဲမျိုးစုံသုတေသန (IIPR ) မှ ဒါရိုက်တာ N Nadarajan  က ပြောကြားပါတယ်။(IIPR )  မှ ၂ဝ၁ဝ-၁၁ မှာ တောင်သူများအတွက် ပဲမိုျးစေ့ ၅ မျိုးထုတ်လုပ်ပေးခဲ့ပြီး အဲဒီပဲတွေကတော့ ပဲတီစိမ်းမျိုး ၂ မျိုး၊ ပဲပြား၊ ကုလားပဲနဲ့ ပဲနီလေးမျိုးစေ့ တစ်မျိုးစီတို့ဖြစ်တယ်လို့ သိရပါတယ်။ ၁၉၉၂ ခုနှစ်နောက်ပိုင်း ပဲမျိုးစေ့ အမိုျးအစား ၃ဝ၄ မျိုးထုတ်လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း ပဲစိုက်ပျိုးရေးကဏ္ဍတိုးတက်စေဖို့ အထူးသဖြင့် ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်နဲ့ စားအုန်းဆီတို့မှာ တိုးတက်ဖို့ ဆောင်ရွက်မှုများစွာဆောင်ရွက်ခဲ့ပါတယ်။ ၂ဝဝ၉-၁ဝ မှာ ပဲမျိုးစုံတန်ချိန် ၂ ဒသမ ၇၉ သန်း တင်သွင်းခဲ့တယ်လို့ သိရပါတယ်။                 ပဲထုတ်လုပ်မှု တိုးတက်ဖို့နဲ့ ဈေးကွက်ချိတ်ဆက်မှု ခိုင်မာစေဖို့ မိုးရေခံ ဧရိယာများအတွင်း ပဲမျိုးစုံရွာပေါင်း ၆ဝဝဝဝ တိုးမြှင့်ဖို့ ရူပီး ငွေသန်း ၃ဝဝဝ (ကန်ဒေါ်လာ ၆၇ ဒသမ ၇၅ သန်း) သုံးစွဲခွင့်ပြုခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ပဲမျိုးစုံအရှိန်အဟုန်မြင့် ထုတ်လုပ်မှုအစီအစဉ် (A3P) ကိုလည်းကြေညာဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလိုဆောင်ရွက်မှု အစီအမံ တွေကြောင့် ထုတ်လုပ်မှု တိုးတက်ခဲ့သလို တောင်သူများ ပဲစိုက်ဧရိယာ တိုးတက်ဖို့ လည်း အထောက်အပံ့ ဖြစ်စေတယ်လို့ သိရပါတယ်။ ယခင်းရွှေစင်၊Source: commodityonline