Main menu

Background

ပင်လယ်ရေကြောင်း ပဲတီစိမ်း အတင်လျော့ကျလာ

Sun, 05/01/2011 - 06:02 -- Anonymous (not verified)

ပင်လယ်ရေကြောင်း ပဲတီစိမ်း အတင်လျော့ကျလာ             ယခင်သီတင်းပတ်များက ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှု တန်ချိန် တစ်သောင်းနီးပါးထိ ရှိခဲ့ရာက ယခုတစ်ပတ် သြင်္ကန်အပြီးမှာတော့ တန်ချိန် ၃ဝဝဝ အောက်ကို လျော့ကျလာတာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်၊ အိန္ဒိယနဲ့ ဗီယက်နမ်တို့ကို အများဆုံးဖြစ်ပါတယ်။ ဗီယက်နမ်ကိုတင်ပို့တဲ့ ပဲတီစိမ်းများ ကိုတော့ ဗီယက်နမ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံကို တင်ပို့တယ်လို့ သိရပါတယ်။ ယခင် ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ် တစ်နှစ်ပတ်လုံးမှာ ပဲတီစိမ်း တင်ပို့မှုဟာ တန်ချိန် သုံးသိန်းနီးပါးရှိပြီး ၂ဝ၁ဝ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၂ ရက်အတွင်းမှာ တန်ချိန် တစ်သောင်း တင်ပို့မှုရှိခဲ့တာ လေ့လာတွေ့ရှိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ၂၂ ရက်အတွင်းမှာတော့ တန်ချိန် ၁၅ဝဝဝ ခန့်အထိ တင်ပို့မှု ရှိခဲ့လို့ ယခုနှစ် ကာလတူမှာ ပိုမိုတင်ပို့လာနိုင်တာ တွေ့ရပါတယ်။                              MIRT - MAPT