Main menu

Background

ပဲတီစိမ်း ပြည်ပအရောင်းအဝယ် ယခုတစ်ပတ်အနည်းငယ်အေး

Sun, 05/01/2011 - 06:04 -- Anonymous (not verified)

ပဲတီစိမ်း ပြည်ပအရောင်းအဝယ် ယခုတစ်ပတ်အနည်းငယ်အေး              ယခုနှစ်ဆန်းပိုင်းက ပဲတီစိမ်းကို ပြည်ပအဝယ် ထိပ်ဆုံးမှာ သွက်နေခဲ့ရာမှ သြင်္ကန်အပြီးကာလမှာတော့ အဝယ်အနည်းငယ် အေးတယ်လို့ သိရပါတယ်။ တရုတ်ဝယ်လက်များကလည်း ပဲတီစိမ်းစပေါ်ကတည်းက အဆွဲများလာလို့ ယခုအချိန်မှာ ပဲသိုလှောင်မှုတွေ များနေတာကြောင့် အဝယ်အေးနေခြင်းဖြစ်တယ်လို့ ဝါရင့်ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ နောက်ပိုင်းထွက်တဲ့ ပဲတီရွှေဝါတွေကလည်း တချို့ မိုးမိသွားတဲ့အတွက် ရေထိပဲတွေ တရုတ်ဝယ်လက် ဈေးလျော့ဝယ်ယူမှုတွေကြောင့်လည်း ဈေးအနည်းငယ်လျော့ကျတယ်လို့ သိရပါတယ်။                ရန်ကုန်ဈေးကွက်အတွင်း  FOB  အရောင်းအဝယ်ဖြစ်မှုအနေနဲ့ သြင်္ကန်ပိတ်ရက်များမှအပ ဧပြီလ ၁ ရက်မှ ၂၈ ရက်အထိ ပဲတီစိမ်း အညာရွှေဝါ တန်ချိန် တစ်သောင်းကျော်နဲ့ ခွဲခြမ်းတန် ၅ဝဝ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ သြင်္ကန် မတိုင်မီ ရက်ပိုင်းအတွင်း အရောင်းအဝယ်ဖြစ်မှု ပမာဏများပြီး သြင်္ကန်အပြီး တစ်ပတ်အတွင်းမှာတော့ စုစုပေါင်းတန် ၃ဝဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                   ကန်ဒေါ်လာ                ပဲတီစိမ်း(အညာ)         ပဲတီစိမ်း (ပခုက္ကူ)                ရွှေဝါအသေး၂၉-၄-၁၁        ၁ဝ၅ဝ-၁ဝ၇ဝ             ၁ဝ၅ဝ-၁ဝ၇ဝ                 ၁၂၅ဝ-၁၂၇ဝ၂၂-၄-၁၁        ၁၁၅ဝ-၁၁၇ဝ             ၁ဝ၅ဝ-၁ဝ၇ဝ                 ၁၄၅ဝ-၁၄၇ဝ                                                                                                      MIRT (MAPT)