Main menu

Background

ပဲတီစိမ်း တန် ၄ဝဝ ကျော် နယ်စပ်မှပို့နိုင်

Sun, 05/01/2011 - 06:12 -- Anonymous (not verified)

ပဲတီစိမ်း တန် ၄ဝဝ ကျော် နယ်စပ်မှပို့နိုင်               ဧပြီလ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်၊ ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ဝ ဒဿမ ၄၇၅ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၄၃၈ တန်တင်ပို့ခဲ့ပါတယ်။ နှစ်သစ်ကူးကာလ အတွင်း ရက်သတ္တပတ် နှစ်ပတ်မှာတော့ မူဆယ် နဲ့ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများကနေ ပဲတီစိမ်း ၁၂၃၅ တန်တင်ပို့ခဲ့တာ ကြောင့် တင်ပို့မှုလျော့ကျခဲ့တယ်လို့ ဆိုရပါမယ်။ ယခုအပတ်မှာတော့ ချင်းရွှေဟော်စခန်းကနေ တင်ပို့နိုင်မှု မရှိပါဘူး။ သယ်ယူစရိတ်အနေနဲ့ကတော့ မန္တလေး- မူဆယ်ကားခနှုန်းထားမှာ ပဲတီစိမ်း တစ်ပိသာကို ၉၅ ကျပ်မှ ၇၅ ကျပ်အထိကျဆင်းခဲ့တာတွေ့ရပါတယ်။ တစ်ဘက်နိုင်ငံနဲ့ မိမိဘက်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်                                 မိမိဘက်(ကျပ်/တန်)                                             တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                   ယခု                   ယခင်         ပြောင်းလဲမှု      %           ယခု          ယခင်    ပြောင်းလဲမှု    %ပဲတီစိမ်း      ၁ဝဝ၅၈၂ဝ          ၉၈၉ဝဝဝ        ၁၆၈၂ဝ       ၁ .၆          ၁၂၈၆         ၁၂၅၂       ၃၄          ၂ .၆MIRT (DOBT)