Main menu

Background

ကုလားပဲတင်ပို့မှု ပိုလာ

Sun, 05/01/2011 - 06:16 -- Anonymous (not verified)

ကုလားပဲတင်ပို့မှု ပိုလာ               ပင်လယ်ရေကြောင်းက ကုလားပဲ တင်ပို့မှုဟာ ယခင်ဘဏ္ဍာနှစ်က ကျဆင်းခဲ့ ရာမှ ယခုနှစ်အတွင်းမှာ တော့ တင်ပို့မှု ပိုလာတာတွေ့ရပါတယ်။ သြင်္ကန်မတိုင်မီ သီတင်းပတ်က ကုလားပဲတန်ချိန် ၁၄ဝဝ ခန့်အတင်ရှိခဲ့ သလို သြင်္ကန်အပြီး (ဧပြီလ ၂၂ ရက်မှ ၂၈ ရက်) အတွင်းမှာလည်း တန်ချိန် ၁၃ဝဝ ခန့် တင်ပို့လာတာ တွေ့ ရပါတယ်။ ယခင်ဘဏ္ဍာနှစ် တစ်နှစ်လုံး တင်ပို့မှုမှာ တန်ချိန် ၈၅ဝဝ ခန့်ရှိပြီး ၂ဝ၁ဝ ဧပြီလ ၁ ရက်မှ ၂၂ ရက် အတွင်း တန်ချိန် ၄ဝ သာတင်ပို့ခဲ့ရာမှ ယခု ၂ဝ၁၁ ကာလတူမှာ တန်ချိန် ၁၆ဝဝ ကျော်ထိ တင်ပို့ပြီးတာတွေ့ရပါတယ်။ ပြည်ပ အဝယ်ပြန်လိုက်လာလို့ ယခင်နှစ် တင်ပို့မှုထက် ဒီနှစ်မှာ ပိုတင်နိုင်မယ်လို့ ကုန်သည် တစ်ဦးက ဆိုပါတယ်။                      MIRT - MAPT