Main menu

Background

အိန္ဒိယဈေးကွက်တွေကို ကုလားပဲအသစ်များဝင်ရောက်မှုရှိလို့ ဈေးကျဆင်း

Sun, 05/01/2011 - 06:19 -- Anonymous (not verified)

အိန္ဒိယဈေးကွက်တွေကို ကုလားပဲအသစ်များဝင်ရောက်မှုရှိလို့ ဈေးကျဆင်း              အိန္ဒိယဈေးကွက်တွေကို ကုလားပဲအသစ်တွေ ပိုမိုဝင်ရောက်လာတာကြောင့် ကုလားပဲလက်ငင်းဈေးနှုန်း ဆက်လက်ကျဆင်းခဲ့ပေမဲ့ ကြိုပွိုင့်ဈေးကွက်ကတော့ အနိမ့်ဈေးမှာ အဝယ်တက်လာလို့ ယခင်နေ့ထက် ဝ ဒသမ ၅၇ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ မဒ္ဒရာပရာဒေ့ရှ်ပြီးရင် အိန္ဒိယမှာ ကုလားပဲထုတ်လုပ်မှု ဒုတိယအကြီးဆုံးဖြစ်တဲ့ ရာဂျက်စသန်မှာ ရိတ်သိမ်းမှုအများဆုံးကာလဖြစ်ပြီး ဧပြီလ ၂၇ ရက်နေ့မှာ ကုလားပဲအိတ် ၁ သိန်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယမိုးလေဝသဌာနက ၂ဝ၁၁ ခုနှစ် ဧပြီလ ၁၉ ရက်နေ့ထုတ်ပြန်တဲ့ ခန့်မှန်းချက်အရ ယခုရာသီမုတ်သုန်မိုး ပုံမှန်ရွာသွန်းမယ့် ခန့်မှန်းချက်ကလည်း မိုးရာသီ ပဲမျိုးစုံစိုက်ပျိုးဖို့ မျက်နှာသာပေးနေပါတယ်။ ယခုနှစ်မှာ ပဲမျိုးစုံ တန်ချိန် ၁၇ ဒသမ ၂၉ သန်းထွက်ရှိမယ်လို့ ခန့်မှန်းထားတဲ့အနက် ကုလားပဲတန်ချိန် ၇ ဒသမ ၃၈ သန်းထွက်ရှိမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ ကနေဒါနိုင်ငံရဲ့ ကုလားပဲဖြူလုံးကြီး ထွက်ရှိမှုဟာ ၂ဝ၁ဝ-၁၁ အတွင်း တန်ချိန် ၁ ဒသမ ၂၈ သိန်းရှိနိုင်လို့ ယခင်နှစ် ထွက်ရှိတဲ့ တန်ချိန် ဝ ဒသမ ၇၆ သိန်းထက် ပိုမိုမယ်လို့ ခန့်မှန်းထားပါတယ်။ ကာလတို အတွင်းမှာတော့ ပြည်တွင်းဈေးကွက် များအတွင်း ရောင်းချမှု တိုးတက်နေတာကြောင့် ဈေးနှုန်း ထပ်မံကျဆင်းနိုင်တယ် လို့ ခန့်မှန်းကြပါတယ်။ ယမင်းခင်၊Source: angel commodities