Main menu

Background

ငွေဖောင်းပွမှုနှုန်း မြင့်မားမှုအပေါ် စိုးရိမ်မှုများလာ၍ ရေနံနှင့် ရွှေ၊ ငွေ၊ သတ္တုများ စံချိန်တင်ဈေးမြင့်လာ

Sun, 05/01/2011 - 06:39 -- Anonymous (not verified)

ငွေဖောင်းပွမှုနှုန်း မြင့်မားမှုအပေါ် စိုးရိမ်မှုများလာ၍ ရေနံနှင့် ရွှေ၊ ငွေ၊ သတ္တုများ စံချိန်တင်ဈေးမြင့်လာ               ငွေဖောင်းပွမှုနှုန်းမြင့်မားမှုအပေါ် စိုးရိမ်မှုများလာပြီး အာရှစတော့ရှယ်ယာ တန်ဖိုးတွေ ကျဆင်းသွားကာ ရေနံနဲ့ ရွှေ၊ ငွေ၊ သတ္တုတွေ ဧပြီ ၂၅ ရက်မှာ စံချိန်တင်ဈေးမြင့်လာကြပါတယ်။ တိုကျိုစံတော်ချိန် နေ့ခင်း ၃းဝ၅ နာရီမှာ ငွေလက်ငင်းဈေးနှုန်းက တစ်အောင်စကို ၃ ဒသမ ၃ ရာခိုင်နှုန်း မြင့်မားကာ တစ်အောင်စကို ၄၈ ဒသမ ၈ဝ၅ဝ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ၎င်းဈေးနှုန်းက ယခင်နှစ်ကထက် နှစ်ဆတိုးလာကြောင်း သိရပါတယ်။ ချက်ချင်း အရောက်ပို့ ရွှေဈေးနှုန်းတွေက တစ်အောင်စကို သုည ဒသမ ၇ ရာခိုင်နှုန်း မြင့်မားကာ ၁၅၁၇ ဒသမ ၉၈ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။Source:Bloomberg.com, ပပ