စိန်ဈေးမြင့ ်တက်သော်လည်း ၂ဝဝ၈ ခုနှစ် ဈေးနှုန်းမမီ ကမ္ဘာ့စိန်ဈေးနှုန်းမြင့်တက်၍ မြန်မာ့စိန်ဈေးနှုန်းမှာ ၂ဝ ရာခိုင်နှုန်း မြင့်တက် လာကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များ ဆပ်ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်လေးမြင့်က ''မြန်မာ့စိန်ဈေးကွက်က ကမ္ဘာ့စိန်ဈေး အတက်အကျနဲ့ ဒေါ်လာဈေး အတက်အကျပေါ်မူတည်တယ်။ ဒီလထဲမှာ ကမ္ဘာ့စိန်ဈေး တက်တဲ့ အတွက် မြန်မာ့စိန်ဈေးလည်း တက်တယ်။ ဒေါ်လာဈေးက မတက်တဲ့အတွက် ၂ဝဝ၈ ခုနှစ်က ဈေးကိုမမီဘူး။ ၂ဝဝ၈ ခုနှစ် ဒေါ်လာဈေးက တစ်ဒေါ်လာကို ကျပ် ၁၃ဝဝ ဝန်းကျင်ရှိပြီး ဒီနှစ်ဒေါ်လာဈေးက ကျပ် ၉ဝဝ အောက်မှာရှိတဲ့အတွက် ၂ဝဝ၈ ခုနှစ်က ဈေးလောက်မမြင့်တက်ဘူး။ စိန်ဈေးနှုန်းက ခုတစ်ပတ်မှာ တစ်ရတီ ကို နှစ်သောင်းအထက်တက်တယ်''လို့ ပြောပါတယ်။ ယခုတစ်ပတ်တွင် Mandalay Gem Center ၌ အရောင်းအဝယ်အေး လျက်ရှိပြီး စိန်ဈေးနှုန်းများမှာ ၁ဝ လုံးစီးဖြူနာ တစ်ရတီကို ကျပ် သုံးသိန်းနဲ့ လေးသိန်းကြား၊ ၂ဝ လုံးစီးဖြူနာ တစ်ရတီကို ကျပ် နှစ်သိန်းနဲ့ သုံးသိန်းကြား၊ ၄ဝ လုံးစီးဖြူနာ တစ်ရတီကို ကျပ် ၁ ဒသမ ၅ သိန်းနဲ့ ၂ ဒသမ ၅ သိန်းကြား၊ ရိုးရိုးကျင်ဖြူ တစ်ရတီကို ကျပ် ၁ ဒသမ ၅ သိန်းနဲ့နှစ်သိန်းကြားရှိကြောင်း သိရပါတယ်။ ဇူးဇူး
Background