ကန်ဒေါ်လာငွေတန်ဖိုး လျော့ကျလာနေခြင်းသည် ဝယ်လိုအားကို မြင့်မားစေနိုင်သည်ဟု ခန့်မှန်း ဒီနှစ်အတွင်း ယူရိုငွေ တန်ဖိုး ၃ ဒသမ ၄ ရာခိုင်နှုန်း မြင့်မားလာခဲ့ရာ ဒုတိယမြောက် စွမ်းဆောင်မှုအကောင်း ဆုံးငွေကြေးဖြစ်လာပါတယ်။ ဥရောပ ဗဟိုဘဏ်က အတိုးနှုန်းကို ၂ ရာခိုင်နှုန်းအောက်မှာသာ ထိန်းသိမ်းထားဖို့ ရည်မှန်းထားသော်လည်း ဧပြီလ အတွင်းအတိုးနှုန်းကို နောက်ထပ် သုည ဒသမ ၂၅ ရာခိုင်နှုန်း မြှင့်တင်ပေးခဲ့ရာ လက်ရှိအတိုးနှုန်းမှာ ၁ ဒသမ ၂၅ ရာခိုင်နှုန်းဖြစ်လာပါတယ်။ နောက်ထပ် အတိုးနှုန်းမြှင့်တင်ပေးဖို့ တံခါးဖွင့်လိုက် တာဖြစ်တယ်လို့ ယူဆကြပြီး ယူရိုငွေ တန်ဖိုးမြင့်မားလာခြင်း ဖြစ်ပါတယ်။ ကန်ဒေါ်လာတန်ဖိုး လျော့ကျလာ နေတာက တစ်နည်းအနေနဲ့ ဒေါ်လာ ဝယ်လိုအားကို မြင့်မားစေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ကြိုပွိုင့် အရောင်း အဝယ်ကုန်သည်တွေက ယူရိုငွေနဲ့ ဒေါ်လာငွေ လဲနှုန်းမှာ ယူရိုငွေတန်ဖိုး မြင့်မားလာမယ်လို့ အလောင်းအစား ပြုမှုကို ရပ်ဆိုင်းလိုက်ကြောင်း သိရပါတယ်။ ဂျပန်ဗဟိုဘဏ်က၎င်းရဲ့အတိုးနှုန်း ကို သုညမှ သုည ဒသမ ၁ ရာခိုင်နှုန်း အကြားမှာသာ ဆက်လက်ထားရှိဖို့ နောက်လာမယ့် အစည်းအဝေးမှာ ဆုံးဖြတ်မယ်လို့ ခန့်မှန်းကြပြီး ယန်းငွေ တန်ဖိုးကလည်း အဓိက လဲလှယ်ဖက် ငွေကြေးတွေနဲ့ယှဉ်ရင် တန်ဖိုးလျော့ကျ သွားပါတယ်။ ဒါကြောင့် တစ်ဒေါ်လာ ကို ၈၁ ဒသမ ၈၈ ယန်းမှ ၈၂ ဒသမ ၁၉ ယန်းအထိ ကျဆင်းသွားပါတယ်။ Source:Bloomberg.com ပပ
Background