နို့ဆီ၊ နို့မှုန့် အဝင်နည်း ဧပြီလ ၈ ရက်မှ ၁၄ ရက်တာ ကာလအတွင်း နို့ဆီ၊ နို့စိမ်း စုစုပေါင်း တန်ချိန် ၁၂၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၃ဝဝဝဝ ကျော်ဖိုးကို ပင်လယ်ရေကြောင်းကနေ တင်သွင်း ခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ နို့ဆီက စင်ကာပူနိုင်ငံထုတ် ဒွန်းနို့ဆီပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ နို့စိမ်းတင်သွင်းမှု မရှိခဲ့ပါဘူး။ ယခင်သီတင်းပတ် အား ကောင်းကောင်းနဲ့ တင်သွင်းခဲ့တဲ့ နို့ဆီက ဒီတစ်ပတ်မှာတော့ အဝင်လျော့ခဲ့ပါ တယ်။ နို့မှုန့်က နယူးဇီလန်နိုင်ငံဘက်မှ တင်သွင်းခဲ့ပါတယ်။ နို့မှုန့်ကလည်း ၅၇ တန်သာတင်သွင်းခဲ့တဲ့အတွက် ယခင် သီတင်းပတ်အဝင်နဲ့ ယှဉ်ကြည့်ရင် အဝင်အား လျော့နည်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT)နို့မှုန့်တစ်မျိုးတည်းသာသွင်း ဧပြီ ၂ဝရက်မှ ၂၆ ရက်ထိကာလ အတွင်း ကော့သောင်းနယ်စပ်မှ နို့ဆီ၊ နို့စိမ်းတင်သွင်းမှု မရှိပေမယ့် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်ကနေ နို့မှုန် ၂၈၄၇ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၂၂၂ သန်းဖိုး တင်သွင်းခဲ့ပါ တယ်။ သြင်္ကန်ကာလအတွင်းမှာ နို့မှုန့် ၃၆ တန် တင်သွင်းခဲ့တာကြောင့် တင် သွင်းမှု တိုးတက်လာတယ်လို့ သိရပါ တယ်။ MIRT (DOBT) ပြည်တွင်းနို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီတွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် လက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၇၈ဝ ၇၉၅ဒွန်း( နို့စိမ်း) ၇၅ဝ ၇၆၅Falcon နို့ဆီ ၆၅ဝ ၆၆၅ံHappy Cow ၆၅ဝ ၆၆၅မာရီဂိုး(နို့ဆီ) ၆၈ဝ ၆၉၅အိုကေနို့ဆီ ၇၂ဝ ၇၃၅MIRT (DOT)
Background