ပင်လယ်ရေကြောင်းက နှမ်းပုံမှန်သာအတင်ရှိ ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုမှာ သြင်္ကန်မတိုင်မီ သီတင်းပတ်အတွင်း တန် ၄ဝဝ ခန့်တင်ပို့မှုရှိခဲ့ပြီး သြင်္ကန်အပြီး ( ဧပြီလ ၂၂ ရက်မှ ၂၈ ရက်အတွင်း) မှာလည်း တန်ချိန် ၃ဝဝ ကျော်နဲ့ ပုံမှန်တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ပမာဏ အားလုံး တောင်ကိုရီးယားကို တင်ပို့တယ်လို့လည်း သိရပါ တယ်။ ယခင်ဘဏ္ဍာနှစ် နှမ်းတင်ပို့မှုကို လေ့လာရာမှာ တန်ချိန် ၈ဝဝဝဝ နီးပါးရှိပြီး ၂ဝ၁ဝ ဧပြီလ ၁ ရက်မှ ၂၂ ရက်အတွင်းမှာ တန်ချိန် ၁၂ဝဝ ခန့် တင်ပို့ခဲ့တာတွေ့ရ ပါတယ်။ ယခု ဘဏ္ဍာနှစ် ကာလတူမှာတော့ တန်ချိန် တစ်ထောင်အောက်သာ တင်ပို့မှုရှိနေတာ တွေ့ရပါတယ်။ နှမ်းကုန်သည်ကြီးတစ်ဦးရဲ့ ပြောကြားချက်အရ နှမ်း ဟောင်းလက်ကျန်များလည်း နည်းလာပြီဖြစ်ပြီး လက်ရှိ ပြည်တွင်းဈေးက မြင့်နေတဲ့အတွက် နှမ်းတင်ပို့မှု အားနည်း တယ်လို့ သိရပါတယ်။ ဧပြီလ ၂၉ ရက် ရန်ကုန် FOB ဈေးများကတော့ ယခင် ဈေးများဖြစ်တဲ့ သိပ္ပံနှမ်းနက်တစ်တန် ကန်ဒေါ်လာ ၁၈၈၅-၁၉၃၅ ၊ နှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၅၁၅-၁၅၆၅ နဲ့ နှမ်းဖြူတစ်တန် ကန်ဒေါ်လာ ၁၃၆ဝ-၁၄ဝဝ အသီးသီးရှိကြောင်း သိရပါတယ်။ MIRT - MAPT
Background