Main menu

Background

အခြားစိုက်ပျိုးရေးကုန်စည်များ ဈေးလျော့ကျလို့ မလေးရှားစားအုန်းဆီဈေး တစ်ပတ်အတွင်းအနိမ့်ဆုံးကို ရောက်ရှိ

Wed, 05/04/2011 - 04:14 -- Anonymous (not verified)

အခြားစိုက်ပျိုးရေးကုန်စည်များ ဈေးလျော့ကျလို့ မလေးရှားစားအုန်းဆီဈေး တစ်ပတ်အတွင်းအနိမ့်ဆုံးကို ရောက်ရှိ                   အခြားစိုက်ပျိုးရေးကုန်စည်များ ဈေးလျော့ကျလာပြီး ကုန်သည်များဈေးထိန်း ဝယ်ယူလာကြတဲ့ အတွက် မလေးရှားကုန်စည်ဒိုင် စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေးဟာ သီတင်းတစ်ပတ်အတွင်း အနိမ့်ဆုံးကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဘာစာမလေးရှားကုန်စည်ဒိုင်မှာ ဇူလိုင်လ အခြေခံစာချုပ်ဈေးဟာ ၁ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းပြီး တစ်တန်ကို ရင်းဂစ် ၃၂၇၇ (ကန်ဒေါ်လာ ၁၁ဝ၆) ရှိခဲ့လို့ ဧပြီလ ၁၉ ရက်နောက်ပိုင်း အနိမ့်ဆုံးကို ကျဆင်းခဲ့ပါတယ်။ ချီကာကိုမှာ မေလ ပဲပုပ်ဆီဈေးက ဝ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၅၇ ဒသမ ၈၁ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၂၇၄) ရှိခဲ့တယ်လို့ သိရပါတယ်။ ဧပြီလလက်ရှိအချိန်ထိ ထုတ်လုပ်မှုမြင့်တက်ခြင်းက လကုန်လက်ကျန်ပမာဏကို တန်ချိန် ၂ သန်းအထိ တိုးတက်လာဖွယ်ရှိပေမဲ့ ကမ္ဘာ့ ဟင်းသီးဟင်းရွက်ဆီ ဝယ်လိုအားကျဆင်းမယ့် အခြေအနေကို စိုးရိမ်နေကြတာ ကလည်း ဈေးနှုန်းကျဆင်းဖို့ ဖိအားဖြစ်စေပါတယ်။                 ဒါပေမဲ့လည်း လာမယ့်လအနည်းငယ်မှာ အရှေ့အလယ်ပိုင်းနဲ့ အာရှမှာ အဓိကပွဲတော်များအတွက် ဝယ်လိုအားတက်လာနိုင်တာကြောင့် လာမယ့်သီတင်းပတ်အတွင်းမှာတော့ ဈေးနှုန်းကျဆင်းမှု အပြီးသတ်နိုင်တယ် လို့လည်း အခိုျ့က ခန့်မှန်း ကြပါတယ်။ ဒါ့အပြင် စားအုန်းဆီဈေးနဲ့ ပဲပုပ်ဆီဈေးအကြား ကွာဟမှုက တစ်တန်ကို ကန်ဒေါ်လာ ၁၇ဝ ဝန်းကျင်လျော့ကျခြင်းကလည်း စားအုန်းဆီဝယ်ယူဖို့ ပိုဆွဲဆောင်နေပါတယ်။ Citigroup  က ခန့်မှန်းတာတော့ ဒုတိယနှစ်ဝက်အတွင်း ထုတ်လုပ်မှု မြင့်တက်နေလို့ ၂ဝ၁၁ ခုနှစ်အတွင်း စားအုန်းဆီကြမ်းဈေး ဟာ ပျမ်းမျှ တစ်တန် ကန်ဒေါ်လာ ၁ဝ၅ဝ မှာ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အင်ဒိုနီးရှားကုန်စည်ဒိုင်မှာ ဇူလိုင်လပို့ရမယ့် စားအုန်းဆီဈေးဟာ ၁ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး မလေးရှား လက်ငင်းဈေးကွက်  FOB  ဈေးကတော့ ဇူလိုင်၊ သြဂုတ်နဲ့ စက်တင်ဘာလပို့ရမယ့် Palm Oil  ဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၁၁၄၇ ဒသမ ၈ဝ နဲ့ ၁၁၅၂ ဒသမ ၅ဝ ဈေးအတွင်းရှိတယ်လို့ သိရပါတယ်။ ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်းဈေးက ရင်းဂစ် ၃၅ (ကန်ဒေါ်လာ ၁၁ ဒသမ ၈) ကျဆင်းပြီး ရင်းဂစ် ၃၃၈၅ (ကန်ဒေါ်လာ ၁၁၄၃) ဈေးရှိတယ်လို့ သိရပါတယ်။ ယုဇန၊Source: palmoilhq .com