ဈေးအနည်းငယ်ကျလာတဲ့ ပြည်နှမ်းဈေးကွက် ပြည်ဈေးကွက်တွင် ယခုအပတ်၌ ယခင်အပတ်ထက် နှမ်းဈေးအနည်းငယ် ကျလာတာတွေ့ရပါတယ်။ အဝင်မှာလည်းနည်းလာသဖြင့် အရောင်းအဝယ်မှာ တစ်နေ့ကို အိတ် ၅၀၀-၆၀၀ သာ အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ ဆီကြိတ်နှမ်းနီ (၄၅) ပိဿာ တစ်အိတ်ကို ၈၀၀၀၀ ကျပ်နဲ့နှမ်း နက် ၄၅ ပိဿာတစ်အိတ်ကို ၈၀၀၀၀ ကျပ်ဈေးဖြင့် ယခင်အပတ်ထက်ဈေး အနည်းငယ်ကျလာတာ တွေ့ရပါတယ်။နှမ်းဆီဈေးမှာလည်း တစ်ပိဿာကို ၃၇၀၀ ကျပ်ဈေးဖြင့် ဈေးအနည်းငယ်ကျလာတာ တွေ့ရပါတယ်။ ဝေေ၀မင်း
Background