Main menu

Background

ပဲတီစိမ်းဈေးအနည်းငယ်လျော့

Wed, 05/04/2011 - 04:25 -- Anonymous (not verified)

ပဲတီစိမ်းဈေးအနည်းငယ်လျော့             အိန္ဒိယပြည်တွင်ဈေးကွက်အတွင်း အရောင်းအဝယ်ဆက်လက်ထိုင်နေခြင်းကြောင့် ပဲတီစိမ်းဈေး အနည်းငယ်လျော့ကျလာပါတယ်။ ဈေးကွက်များအတွင် းပဲတီစိမ်းလက်ကျန် အကန့်အသတ်သာရှိပေမဲ့ နွေပဲတီစိမ်းများ မေလအစပိုင်းမှာ ဝင်ရောက်လာဖွယ်ရှိခြင်းကလည်း ဈေးနှုန်းကို ပိုကျစေပါတယ်။ PEC မှ ကင်ညာပဲတီစိမ်းရောင်းချဖို့ တင်ဒါခေါ်ယူနေခြင်းကလည်း ဈေးကွက်အပေါ် သက်ရောက်စေပါတယ်။ ပဲတီစိမ်းနဲ့ အခြားပဲမျိုးစုံ ဈေးနှုန်းအကြား ကွာဟမှုကြီးမားခြင်းကလည်း ဝယ်လိုအားကို နည်းပါးစေတယ်လို့ သိရပါတယ်။ကာလတိုအတွင်း ဈေးများများ မတက်နိုင်ဘူးလို့ ခန့်မှန်းကြပါတယ်။ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃) နဲ့ဖော်ပြလိုက်ပါတယ်ဇယး-၃                                                                                       ဒေါ်လာ/တန်ဈေးကွက်                   ၂၈ .၄ .၁၁             ၂၇ .၄ .၁၁             ၂၆ .၄ .၁၁              ၂၅ .၄ .၁၁မွန်ဘိုင်း(ကင်ညာ)         ၁ဝ၆ဝ                    ၁ဝ၅၉                      ၁ဝ၆ဝ              ၁ဝ၅၇-၁ဝ၇၄ဒေလီ                      ၈၁၂-၉၂၅                 ၈၃၃-၉၆၈              ၈၃ဝ-၉၆၄             ၈၃၂-၉၆၇အာကိုလာ               ၉၄၇-၁ဝ၆ဝ              ၉၄၆-၁ဝ၅၉             ၉၆၄-၁၁၂၁           ၉၆၇-၁၁၂၅