Main menu

Background

သြင်္ကန်အလွန်ဈေးမာလာတဲ့ ရှမ်းချင်းဈေးကွက်

Wed, 05/04/2011 - 04:29 -- Anonymous (not verified)

သြင်္ကန်အလွန်ဈေးမာလာတဲ့ ရှမ်းချင်းဈေးကွက်        သြင်္ကန်ပြီးကာလ အောင်ပန်းဈေးကွက်မှာ ချင်းစိုတွေဈေးတက်လာပါတယ်။ ချင်းကလည်းအဝင်နည်းသလောက်ဖြစ်နေပါပြီ။ အခုလောလောဆယ်ဈေးကွက်ကို ပင်းတယ၊ပင်မှီ၊လဲချား၊ငုံးသုံးနဲ့ နန်းတိုင်းစတဲ့ နယ်တွေကသာ ဝင်တော့တယ်လို့ သိရပါတယ်။ အဝင်နည်းနေတာကြောင့် ဝယ်လက်နဲ့ရောင်းလက်မှာ ဝယ်လက်ကပိုများ နေပါတယ်။ ပဲခူး၊တောင်ငူ၊ရန်ကုန် စတဲ့ဝယ်လက်တွေက ပြည်တွင်သုံးအတွက် ဝယ်နေကြတာဖြစ်ပြီး ဝယ်လက်တစ်ဦးကို နေ့စဉ် ပိဿာချိန် ၁၈၀၀ ခန့်ဝယ်ယူနေတယ်လို့ သိရပါတယ်။အရင်နှစ်တွေက ဒီလိုအချိန်မှာ လှောင်လက် တွေလက်မှာ ပိဿာချိန် သိန်းဂဏန်းခန့်ကျန်နေပေမဲ့ ဒီနှစ်မှာတော့ သောင်းဂဏန်းခန့်သာကျန်တော့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။          ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ချင်းစိုဈေးထိပ်စတစ်ပိဿာ ၁၄၀၀ ကျပ်၊ လတ်စ ၁၀၀၀ ကျပ်၊ ၁၂၀၀ ကျပ် နဲ့ အောက်စက ၆၀၀ ကျပ်၊၆၅၀ ကျပ်ရှိပါတယ်။ရန်ကုန်ဝယ်လက်တွေကတော့ ထိပ်စချင်းတွေကို ပြည်တွင်းသုံးအတွက် ဝယ်ယူနေတယ်လို့ သိရပါတယ်။ ချင်းခြောက်ဈေးကလည်း ပစ္စည်းသိပ်မကောင်းရင်တော့ ၂၂၀၀ ကျပ် ရှိပါတယ်။ မိုးရွာနေပြီဖြစ်တာကြောင့် အခြောက်ခံဖို့ အခက်အခဲ ရှိတာကြောင့် အစိုအတိုင်းရောင်းချတာများလို့ အခြောက်ကလည်းအဝင်နည်းပါတယ်။တောင်ကြီးဈေးကွက် မှာချင်းခြောက်တစ်ပိဿာ ၂၃၅၀ ကျပ်ရှိပါတယ်။        ဧဧခိုင်