အောင်ပန်းဈေးကွက်သို့ ရှမ်းနနွင်းအဝင်နည်း ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ နနွင်းကလည်း အဝင်နည်းနေပါသေးတယ်။ ဈေးကွက်ကိုတော့ ပင်လောင်းစတွေသာ အနည်းအကျဉ်းဝင်နေပေမဲ့ လူကြိုက်နည်းတာကြောင့် ရောင်းပန်းကလည်း သိပ်မလှပါဘူး၊တီကျစ် နဲ့ ပင်းတယကဝင်တဲ့ နနွင်းတွေကသာ ဈေးကွက်မှာအရောင်းအဝယ်ဖြစ်နေပါတယ်။ အဲဒီ နနွင်းကတော့ ၆ ရက်တစ်ဈေးကို တစ်ပိဿာချိန် ၁၅၀၀၀ ခန့်ဝင်တယ်လို့လည်း သိရပါတယ်။ပင်းတယနယ်က နနွင်းခွဲခြမ်းစတွေလည်း ဈေးကွက်ကိုဝင်လာပါတယ်။ခွဲခြမ်းစဆိုတာက အခြောက်မြန်အောင် နနွင်းကိုထက်ခြမ်းခွဲထားတဲ့နနွင်းဖြစ်ပါတယ်။ ဒီတစ်ပတ်နနွင်းတက်ဈေးက ပင်းတယ၊တီကျစ်ကဝင်တဲ့ နနွင်းကတစ်ပိဿာ ၂၂၀၀ ကျပ်၊၂၃၀၀ ကျပ်ဈေးရှိပြီး ပင်လောင်းနနွင်းက တစ်ပိဿာ ၁၂၀၀ ကျပ်၊၁၃၀၀ ကျပ်ဈေး ရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ ဟိုပုန်းစ နနွင်းသစ်ခြောက် တစ်ပိဿာ ၂၃၀၀ ကျပ်၊၂၄၀၀ ကျပ် ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရှိရပါတယ်။ ဧဧခိုင်
Background