AIR KBZ လေကြောင်းလိုင်းမှ ခရီးစဉ် တိုးချဲ့ပျံသန်းမည်

AIR KBZ လေကြောင်းလိုင်းမှ ခရီးစဉ် တိုးချဲ့ပျံသန်းမည်          ပုဂလိကပိုင်လေကြောင်းလိုင်းတစ်ခုဖြစ်သည့် AIR KANBAWZA လေကြောင်းလိုင်းသည် မေလအတွင်းပြည်တွင်း ခရီးစဉ်များနှင့် ပြည်ပလေကြောင်းခရီးစဉ်များကို တိုးချဲ့ပျံသန်းပြေးဆွဲသွားမည်ဟု သိရသည်။          AIR KANBAWZA လေကြောင်းလိုင်းသည် ဧပြီ ၂ ရက်မှစတင်၍ ပျံသန်းပြေးဆွဲခဲ့ရာတွင် ရန်ကုန်-မြိတ်-ရန်ကုန်၊ရန်ကုန်-ညောင်ဦး-မန္တလေး-ဟဲဟိုး- ရန်ကုန် ခရီးစဉ်များကို စတင်ပြေးဆွဲပျံသန်းခဲ့သည်။မေလတွင် တိုးချဲ့ ခရီးစဉ်များအနေဖြင့် တာချီလိတ်၊ကျိုင်းတုံ၊တောင်ကြီး၊ပူတာအို၊ကော့သောင်း၊စစ်တွေ၊သံတွဲ၊မော်လမြိုင် နှင့် ကလေးမြို့များသို့ ထပ်မံတိုးချဲ့ပျံသန်းရန်စီစဉ်နေကြောင်းသိရသည်။.            ထို့ပြင် ပြည်ပခရီးစဉ်များကိုပါ တိုးချဲ့ ပျံသန်းသွားမည်ဟုလည်း သိရသည်။AIR KANBAWZA လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက "ပိုလျှံတိုးတက်လာတဲ့ ခရီးသွားတွေအားလုံးကို သယ်ဆောင်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ ပွင့်လင်းရာသီမှာ ပိုများလာမယ့်ခရီးသည်တွေကို သွားလိုတဲ့နေရာ အလွယ်တကူသွားနိုင်စေဖို့ လေကြောင်းလိုင်းတွေကို တိုးချဲ့ ပျံသန်းပေးသွားမှာပါ "ဟု ပြောကြားခဲ့သည်။            မင်းချို