ဖရဲ၊ သခွားထက် သရက်တင်ပို့မှု အားကောင်း ဧပြီလ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်ကနေ ဖရဲသီး ၁ဝ၃၉၉ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၅၇၂ သန်း၊ သခွှားမွှေး ၃၇၉၁ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ၇၉၄ သန်းနဲ့ သရက်သီး ၁၄၁၁ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ၆၂၈ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ သြင်္ကန် နှစ်ကူးရက်သတ္တပတ်တွေကလည်း ဖရဲသီးတန် ၂ သောင်းကျော်၊ သခွှားမွှေးတန် ၇ဝဝဝ ကျော်နဲ့ သရက်သီး တန် ၁ဝဝ ကျော်တင်ပို့ခဲ့ရပါတယ်။ ယခုတပတ်မှာ ဖရဲ၊ သခွားထက် သရက်က ယခင်အပတ်တွေထက် ပိုမိုတင်ပို့ နိုင်တာ တွေ့ရပါတယ်။ ဖရဲသီးရဲ့ တစ်တန်ပေါက်ဈေးကတော့ မိမိဘက်မှာ ကျပ် (၂ဝဝဝဝဝ နဲ့ ၃၅ဝဝဝဝ)ကြားနဲ့တဖက်နိုင်ငံဈေး ၂၁၅ ဒေါ်လာနဲ့ ၃၈၃ ဒေါ်လာကြားဈေးပေါက်နေတယ်လို့ သိရ ပါတယ်။ MIRT (DOBT)
Background