Main menu

Background

ထိုင်းပို့ကုန်များ စံချိန်တင်မြင့်တက်ခဲ့

Wed, 05/04/2011 - 04:45 -- Anonymous (not verified)

ထိုင်းပို့ကုန်များ စံချိန်တင်မြင့်တက်ခဲ့               မတ်လမှာ ထိုင်းနိုင်ငံရဲ့ပို့ကုန်က နှစ်ဦးပိုင်းထက် ၃ဝ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်လာပြီး နိုင်ငံရဲ့ စီးပွားရေးတစ်ချိန်လုံး တိုးတက်နေကြောင်းအစိုးရရဲ့စာရင်းများအရသိရပါတယ်။ ပို့ကုန်တန်ဖိုးက မတ်လမှာ ဒေါ်လာ ၂၁ ဒသမ ၃ ဘီလီယံကို မြင့်တက်ခဲ့ပြီး ယခင်နှစ်အလားတူကာလက ဒေါ်လာ ၁၆ ဒသမ ၂ ဘီလီယံရှိကာထိုင်းထုတ်ကုန် များဖြစ်တဲ့ ကျောက်မျက် ရတနာ၊ ပလတ်စတစ်၊ ဆန်နဲ့ရော်ဘာများအား ပင်လယ်ရပ်ခြားဝယ်လိုအားများတယ် လို့ စီးပွား/ကူးသန်းဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ မတ်လက ဂျပန်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဆူနာမီကြောင့် ထိုင်းပို့ကုန်ကိုထိခိုက်မှုရှိနိုင်မယ်ဆိုတဲ့စိုးရိမ်မှုတွေကို ချေဖျက်လျက်ရှိကြောင်း သိရပါတယ်။ ဥရောပ၊ ဂျပန်နဲ့ အမေရိကန်တို့ကဲ့သို့သောဈေးကွက်ကြီးတွေကို ၂၅ ဒသမ ၄ ရာခိုင်နှုန်း တင်ပို့နေပြီး တောင်ကိုရီးယား၊ ဟောင်ကောင်၊ တရုတ် (တိုင်ပေ)နဲ့ တောင်အာရှတို့လို အပြောင်းအလဲ ရှိတဲ့ဈေးကွက် တွေကိုတော့ ၃၃ ဒသမ ၉ ရာခိုင်နှုန်းတင်ပို့နေပါတယ်။ ဒါ့အပြင်စွမ်းအင်တင်သွင်းမှုများ တာကြောင့်သွင်းကုန်တန်ဖိုး ၂၈ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ပြီး ဒေါ်လာ ၁၉ ဒသမ ၅ ဘီလီယံကိုရောက်ရှိခဲ့ကြောင်းသိရပါတယ်။ မတ်လရဲ့ ကုန်သွယ် ရေးပိုငွေ ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံရှိပြီး ဖေဖော်ဝါရီထက် အနည်းငယ်သာခဲ့ပါတယ်။ ပို့ကုန်အလုံးအရင်း တင်ပို့မှုများနဲ့ ပုဂ္ဂလိကသုံးစွဲမှုများအား လျှော့ချပြီးနောက် ၂ဝ၁ဝ စတုတ္ထသုံးလပတ်မှစပြီး ထိုင်းနိုင်ငံရဲ့ စီးပွာေးရး ပြန်လည်တိုးတက်ခဲ့ကြောင်း သိရပါတယ်။ ဇော်ဝင်းလေး၊Source: chennelnews asia.com