Main menu

Background

ယခုနှစ် ငါးရှဉ့်လေလံဈေးမြင့်ရရှိ

Wed, 05/04/2011 - 04:49 -- Anonymous (not verified)

ယခုနှစ် ငါးရှဉ့်လေလံဈေးမြင့်ရရှိ                     ယခုရက်ပိုင်းတွင် ငါးရှဉ့်အထွက်နည်းလို့ မူဆယ် ၁ဝ၅ မိုင်ကို ငါး ရှဉ့်ကားများ ရက်ခြားတင်ပို့လျက်ရှိပြီး ယခုနှစ် လေလံဈေးမှာ အမြင့်ဆုံးဈေး ရရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီး ငါးရှဉ့်လုပ်ငန်းရှင်များအသင်းမှ သိရပါ တယ်။               '' ဒီနှစ်က လေလံဈေးအမြင့်ဆုံးရတယ်။ ငါးရှဉ့်တစ်တန်ကို မတ်လကုန် ပိုင်းက ယွမ် ၅၃ဝဝ ကျော်ရရှိခဲ့တယ်၊ မနှစ်က တစ်တန်ကို ယွမ် ၄၃ဝဝ ကျော်ထိပဲရခဲ့တယ်။ ဒီနှစ်မှာ သြင်္ကန် မတိုင်ခင်က နေ့စဉ် တင်ပို့ခဲ့ရပေမဲ့ ဈေး မြင့်ပြီးရခဲ့တယ်။ ဒီအချိန်ငါးရှဉ့်ရှားပေမဲ့ တစ်ရက်ကို တန် ၂ဝ လောက်တင်ပို့မှု ရှိခဲ့တယ်။ မနှစ်က မတ်လပိုင်းမှာ နေ့စဉ် မပို့နိုင်ခဲ့ဘူး'' လို့ ငါးရှဉ့် လုပ်ငန်းရှင် ဦးသန်းကျော်က ပြောပါတယ်။ မတ်လနဲ့ ဧပြီလများမှာ ငါးရှဉ့် ကား ၂ စီးနဲ့ ၃ စီးကြားတင်ပို့မှုရှိပြီး ဧပြီလကုန်ပိုင်းမှာ ရက်ခြားတင်ပို့မှု ရှိကြောင်း သိရပါတယ်။ ငါးရှဉ့်လေလံ ဈေးနှုန်းမှာ မတ်လကုန်ပိုင်းက တစ်တန်ကို ယွမ် ၅၃ဝဝ မှ ဧပြီလဆန်းပိုင်း မှာ ယွမ် ၃၉၇ဝ ထိဈေးကျလာပြီး ဧပြီ ၁ဝ ရက်နောက်ပိုင်းမှာ ယွမ် ၄၂ဝဝ ထိ ပြန်တက်လာခဲ့ကာ ဧပြီလ ၂၄ ရက် နေ့က ယွမ် ၄၂၈ဝ ရရှိခဲ့ကြောင်း သိရပါတယ်။ ဇူးဇူး