Main menu

Background

နယ်စပ်စခန်းများမှ ဓာတ်ဆီ၊ဒီဇယ်ဆီ ဈေးနှုန်းများ

Wed, 05/04/2011 - 05:00 -- Anonymous (not verified)

ဒီဇယ်ပီပါ နှစ်သိန်းငါးသောင်းကျော်ဝင်               ပြည်တွင်းလုပ်ငန်းသုံး၊ စက်ရုံသုံး စက်သုံးဆီဈေးကွက်အတွက် ဧပြီလ ဒုတိယ ပတ်အတွင်း ဒီဇယ်ပီပါ နှစ်သိန်းငါးသောင်းငါးထောင်ကျော်၊ တန်ချိန်အားဖြင့် သုံးသောင်းလေးထောင်ကျော်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ်ဒီဇယ်ဆီအဝင်မှာ တန်ချိန် ငါးသောင်းကိုးထောင်ကျော်ရှိခဲ့တဲ့ အတွက် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန်အနည်းငယ် လျော့နည်းပြီး တင်သွင်း လာခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) ဒီဇယ်တစ်မျိုးတည်းသာသွင်း                 ဧပြီ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း တာချီလိတ်နဲ့ ကော့သောင်း နယ်စပ်စခန်းတွေကနေ ဒီဇယ်ဆီ ၄ဝ၇၇၈၅ဂါလန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၆၂၂ သန်းဖိုးတင်သွင်းခဲ့ပါတယ်။ သြင်္ကန်ကာလမှာလည်း ဂါလန် လေးသိန်းကျော် တင်သွင်းခဲ့တာကြောင့် တင်သွင်းမှုပုံမှန်လို့ ဆိုရပါမယ်။ ဒီတစ်ပတ်မှာတော့ ဓာတ် ဆီတင်သွင်းမှုမရှိဘဲ ဒီဇယ်တစ်မျိုးတည်းသာ တင်သွင်းခဲ့တာဖြစ်ပါတယ်။ MIRT (DOBT)