အိန္ဒိယရော်ဘာဝယ်လိုအားအတွက် ထောက်ပံ့ကြေးရူပီး တစ်သိန်းပေးရန် အဆိုပြု အိန္ဒိယရော်ဘာရောင်းဝယ်သူများဖက်ထရေးရှင်းIRDF က (၁၂) ကြိမ်မြောက် ၅ နှစ်စီမံကိန်းမှာ ရော်ဘာစိုက်မြေ တစ်ဟတ်တာအတွက်ထောက်ပံ့ကြေး ရူပီး တစ်သိန်းပေးဖို့အဆိုတင်သွင်းထားကြောင်းသိရပါတယ်။ ယခုလက်ရှိမှာ အစိုးရက ရော်ဘာစိုက်ဒေသတွဖြစ်တဲ့ ကာရာလာ၊ ကန်ဟာကုမာရီနဲ့ တဗီနာဒူပြည်နယ်များမှာ ရော်ဘာစိုက်မြေတစ်ဟက်တာကို ရူပီး ၁၉၅ဝဝ ထောက်ပံ့ပေးထားပြီးစိုက်ပျိုးနေကျမဟုတ်တဲ့ ဒေသတွေမှာတော့ တစ်ဟတ်တာကို ရူပီး ၃ဝဝဝဝ ပေးထားကြောင်း သိရပါတယ်။ ဒီအဆိုပြုချက်အသစ်ကို ရော်ဘာမူဝါဒအရ(၁၂)ကြိမ်မြောက် (၅)နှစ်စီမံကိန်းအစီအစဉ်အတွက် စီးပွား/ ကူးသန်းဝန်ကြီးဌာနက ကျင်းပခဲ့တဲ့ရော်ဘာကဏ္ဍအကြံပြုရေးဆွေးနွေးပွဲမှာ အလေးအနက်တင်ပြခဲ့တာဖြစ်ပါတယ်။IRDF က တင်ပြခဲ့တဲ့ အခြားကိစ္စရပ်တစ်ခုကတော့ အိန္ဒိယအစိုးရအနေနဲ့ တခြားနိုင်ငံတွေမှာ ရော်ဘာစိုက်ပျိုးရေးကိုဆောင်ရွက်ဖို့ လိုအပ်ကြောင်းအကြံပြုခဲ့ပါတယ်။ တရုတ်နိုင်ငံကတော့ အစောပိုင်းကတည်းက လာဘ်မြင်ပြီးဒီလမ်းစဉ်ကို လိုက်ခဲ့ပြီးဖြစ်ပါတယ်။ အကြီးဆုံးရော်ဘာသုံးစွဲသူတွေဖြစ်တဲ့ တရုတ်ဟာ လိုအပ်တဲ့ရော်ဘာစိုက်ပျိုးရေးတွေကို အရှေ့တောင်အာရှနဲ့ အာဖရိက မှာရှိတဲ့ ရော်ဘာနဲ့ သင့်လျော်တဲ့ရာသီဥတုရှိတဲ့ဒေသတွေမှာ စိုက်ပျိုးရေး ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒီအကြံပေးချက်အရဆိုရင်အိန္ဒိယအတွက် သီရိလင်္ကာနိုင်ငံကသင့်လျော်ကြောင်း IRDF ရဲ့ဥက္ကဌ ကပြောကြားခဲ့ပါတယ်။ ကာရာလာ၊ တမီနာဒူးနဲ့ အရှေ့မြောက်ဒေသဟာ ရော်ဘာစိုက်ပိုျးရေးခဲျ့ထွင်ဖို့ အကန့်အသတ်ရှိနေပြီဖြစ်ကြောင်းသိရပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာ ရောင်းလိုအားဝယ်လိုအား ကွာဟချက်က ၈၇၂၅၅ တန်ရှိပြီး ယခင်နှစ်က ၉၉၁၆၅ တန်ရှိခဲ့ ကြောင်း သိရပါတယ်။ အိန္ဒိယကတရုတ်ပြီး ရင် ဒုတိယအကြီးဆုံးရော်ဘာသုံးစွဲသူဖြစ်ပြီး စတုထ္ထမြောက်အများဆုံးထုတ်လုပ်သူ ဖြစ်ကာ ထုတ်လုပ်မှုတန်ချိန် ၉ ဒသမ ၅ သိန်းရှိကြောင်း သတင်းရရှိပါတယ်။ Source: Commodity online ,KZW
Background